Thursday, 24 January 2013 13:05
Share by lashiothar
ရန်ကုန် ဇန်နဝါရီ ၂၃
ထိုင်းနိုင်ငံ Bangkok Bank Public
Co.,Senior Executive Vice-President, Mr.Virasak Suthanthavibul ဦးဆောင်၍
ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၇ဝ ဦး ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည်
နှစ်နိုင်ငံ ကုန်သွယ် ရေးနှင့် ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ
တိုးမြှင့် ဆောင်ရွက်ရေး အတွက် ဇန်နဝါရီ ၂၉ ရက်မှ ၃ဝ ရက်အထိ မြန်မာ
နိုင်ငံသို့ လာရောက် ကြမည် ဖြစ်သည်။
အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ခရီးစဉ်
အတွင်း ဘဏ်လုပ်ငန်း၊ စားသောက်ကုန်နှင့် အေးခဲ ပင်လယ်စာ အမျိုးမျိုး
လုပ်ငန်း၊ ပလတ်စတစ် လုပ်ငန်း၊ တိရစ္ဆာန် အစားအစာ လုပ်ငန်းနှင့် ကျန်းမာရေး
စောင့်ရှောက်မှု လုပ်ငန်း၊ ရေစုပ်စက် လုပ်ငန်း၊ အထည် အလိပ်နှင့် အထည်ချုပ်
လုပ်ငန်း၊ စတီးလုပ်ငန်း၊ အိတ်အမျိုးမျိုး ထုတ်လုပ်မှု လုပ်ငန်း၊
သတ္တုလုပ်ငန်း၊ စက်မှု လုပ်ငန်းသုံး ဓာတုဗေဒ ပစ္စည်းလုပ်ငန်း၊ ဓာတ်မြေသြဇာ
လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း အမျိုးမျိုး၊ မော်တော်ယာဉ်
အပိုပစ္စည်း လုပ်ငန်း၊ ပုံနှိပ် လုပ်ငန်း၊ ဖိနပ် အမျိုးမျိုး၊ အလှကုန်
ပစ္စည်းများ၊ စားအုန်းဆီ လုပ်ငန်း၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း၊
ကွန်ပျူတာ လုပ်ငန်း၊ စက်သုံးဆီ လုပ်ငန်းများကို မြန်မာ စီးပွားရေး
လုပ်ငန်းရှင် များနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက်
ဇန်နဝါရီ ၃ဝ ရက်နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်း ဒေသကြီး လမ်းမတော်
မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ UMFCCI Office Tower ပထမထပ် မင်္ဂလာ ခန်းမ၌
တွေ့ဆုံ ဆွေးနွေးကြ မည် ဖြစ်ကြောင်း သိရသည်။
From: http://myawady.com.mm
No comments:
Post a Comment