lashiothar : 23 January 2013;
လန်ဒန် ဇန်နဝါရီ ၂၁
ဗြိတိသျှ လက်ဝှေ့ကျော် ဖရန်ကီဂါဗင်သည်
ဝါဆောမြို့ ကြိုးဝိုင်း၌ ကျင်းပသော ဝယ်လ်တာဝိတ်တန်း လက်ဝှေ့ ပြိုင်ပွဲတွင်
ဝက်စ်မင်လန်း ဒေသမှ ဂျက်ဆန် ဝဲလ် ဘွန်းအား အနိုင် ထိုးသတ်ခဲ့ပြီး ၎င်း၏
ချန်ပီယံ ခါးပတ်ကိုကာကွယ် နိုင်ခဲ့ကြောင်း သိရသည်။ ဖရန်ကီ
ဂါဗင်သည် ပြိုင်ဘက် ဝဲလ်ဘွန်းအား ခက်ခက်ခဲ
ခဲဖြင့် ယှဉ်ပြိုင်ခဲ့ရ
သော်လည်း သတ္တမအချီ အပြီးတွင် ပွဲသိမ်း အနိုင်ယူခဲ့သည်။
ဝဲလ်ဘွန်းသည် ဝါဆောမြို့၌ ပရိသတ် ထောက်ခံ
အားပေးမှု အခိုင်အမာ ရရှိထားသူ ဖြစ်သော်လည်း ဂါဗင်၏ ထိုးသတ်မှု လှည့်ကွက်
အမျိုးမျိုးတွင် ပိတ် မိခဲ့ပြီး အလဲထိုး ခံလိုက်ရခြင်း ဖြစ်ကြောင်း သိရသည်။
ယခု ပွဲစဉ် အတွင်း မိမိ၏ ထိုးသတ်ချက်များနှင့် ပတ်သက်၍ များစွာ
ကျေနပ်မိကြောင်း၊ ပွဲစကစား မည့် နေ့ရက် မတိုင်မီ ညက မိမိ၏သား ဒန်နီရယ်သည်
နေမကောင်း၍ ဆေးရုံသို့ ပို့ခဲ့ရသော်လည်း မိမိ၏ စိတ်ဓာတ် ကြံ့ခိုင်မှုကို
ထိုနေရာ တွင် ပြသ နိုင် ခဲ့ကြောင်း ဂါဗင်က ပြောကြားထားသည်။ ယခုအခါတွင်
ဥရောပ ချန်ပီယံ ခါးပတ်ကို ရရှိရေး အတွက် ဆက်လက် ကြိုးပမ်းရန် အသင့်
ရှိနေသည်ဟု လည်း ဂါဗင်က ပြောကြားထားကြောင်း သိရသည်။
From: http://myawady.com.mm
No comments:
Post a Comment