TNLA (ပလောင်)အဖွဲ့ တပ်ရင်း (၂၅၆) တပ်ရင်းမှူးသည် နမ့်ဆန်မြို့ ဦးမြတ်ထွန်းလေးထံမှ ငွေကျပ် ၁၀ သိန်း၊ ဦးလှမောင် အပေါင်ဆိုင်မှ ငွေကျပ် ၂၀ သိန်း၊ ပလောင်ထိပ်ထား အချိုခြောက်စက်ရုံမှ ငွေကျပ် ၂၀ သိန်းအားသြဂုတ်လအတွင်းနမ့်ဆန်မြို့နယ်အထက်မန်လွယ်ကျေးရွာသို့မပျက်မကွက်လာရောက်ပေးသွင်းရန်
ဆက်ကြေးတောင်းခံခဲ့ကြောင်းနမ့်ဆန်ဒေသခံတစ်ဦးဆက်သွယ်ပြောပြချက်အရသိရပါသည်။
၎င်းဆက်ကြေးတောင်းခံစာတွင်TNLAတပ်ရင်း(၂၅၆)မှတပ်ရင်းမှူးလက်မှတ်ရေးထိုးထားပြီးအကူအညီတောင်း ခံသည်ဟုဆိုသော်လည်းမပျက်မကွက်ပေးဆောင်ရမည်ဟုပါရှိသောကြောင့် နမ့်ဆန်မြို့နယ်စီးပွားရေးလုပ်ငန်း ရှင်များအားအကြောက်တရားဖြင့်ဆက်ကြေးတောင်းနေသည်မှာသိသာထင်ရှားနေပြီးTNLA(ပလောင်)အဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီတို့ဇူလိုင်လ၃၁ရက်နေ့တွင်မူဆယ်မြို့တွင်တွေ့ ဆုံဆွေးနွေးခဲ့သည့်အချက်များထဲမှဆက်ကြေးကောက်ခံခြင်းမပြုရန်ဟူသောအချက်အားချိုးဖောက်နေသည်မှာ ပေါ်လွင် ထင်ရှားနေပေသည်။
No comments:
Post a Comment