တရုတ်နိုင်ငံအတွင်းသို့ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေသော မြန်မာနိုင်ငံသား၁၅ဦးအားတရုတ်နိုင်ငံ မိန်းတိန်ရဲဌာနမှနယ်စပ်ကြီးကြပ်ရေးတာဝန်ခံမစ္စတာရှန်းရှောက်ပါမှချင်းရွှေဟော်လူကုန်ကူးမှုတားဆီးနှိမ်နှင်း ရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။မြစ်သားမြို့နယ်မှ မောင်လွင်အောင်၊မောင်ဆန်းမင်းကို
၊မောင်သန်းထိုက်၊ မောင်လင်းလင်းအောင်၊ မောင်ရန်အောင် နှင့်နမ္မတူမြို့နယ်မှ မောင်စိုင်းစံအေး၊မနန်းခမ်းဆာ၊ မနန်းဆွေမြ၊ မောင်အိုက်ရီ နမ့်ဆန်မြို့နယ်၊ မောင်ထပ်အင်း ဟိုပန်မြို့နယ်၊ မောင်လှမင်းထွန်း မိုးကုတ် မြို့နယ်၊ မောင်စိုင်းခင်မောင်မန်တုံမြို့နယ်၊ မောင်အိုက်ဌေးသိန်းနီမြို့နယ်၊ မောင်အိုက်သန်းကွတ်ခိုင်မြို့နယ်၊ မောင်အိုက်မန်းမန်တုံမြို့နယ်တို့မှ ဖြစ်ပြီး၎င်းတို့၁၅ဦးအားချင်းရွှေဟော်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အဖွဲ့မှ အသိ ပညာပေးဆွေးနွေးမှုများ ဆောင်ရွက်ပြီး နေရပ်သို့ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်းသိရသည်။
No comments:
Post a Comment