လားရှိုးမြို့ အမှတ်(၈)ရပ်ကွက် ရေပန်းလမ်းဆုံအနီး စက်တင်ဘာလ ၁၉ ရက်နေ့ ညနေ ၃ နာရီ မိနစ် ၃၀ တွင် မန္တလေးဘက်မှ မူဆယ်ဘက်သို့ နှမ်း ၁၆ တန် သယ်ဆောင်မောင်းနှင်လာသော နီဆန်း ၁၂ ဘီးယာဉ် ဘရိတ်ပေါက် လေပေါင်လျော့နည်းသွားသောကြောင့်လမ်းဘးတွင်ရပ်ထားသောဆိုင်ကယ် ၁ စီး၊ ကား(၉)စီး
တိုက်မိခဲ့ကြောင်းသိရသည်။
ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်စီးနင်းသူ မချမ်းမြဦး ယာပါးပွန်းပဲ့ဒဏ်ရာ၊ ဆိုင်ကယ်နောက်မှစီးသူ ဒေါက်တာအွန်းခမ်း (ယာခြေသလုံးပေါက်ပြဲဒဏ်ရာ)၊ လိုက်ထရပ်ယာဉ်ပေါ်ပါ ဒေါ်နီနီလွင် ၀ဲခြေကျင်းဝတ်ကျိုးဒဏ်ရာများရရှိခဲ့ပြီး ၁က /၄၄၁၆ ဗင် (အဖြူရောင်)နှင့် AA/4100 ဗင် (အဖြူရောင်)တို့မှာလုံးဝပျက်ဆီးသွားကြောင်းနှင့်ယာဉ်မောင်းသန်းမြင့်အားဥပဒေအရအရေးယူ ဆောင်ရွက် ရန်စီစဉ်ထားကြောင်း သိရသည်။
No comments:
Post a Comment