ထိုင်းဝန်ကြီးချုပ် ရင်လပ်သည် ဆွစ်ဇာလန်၊ အီတလီ၊ ဗာတီကန် စီးတီးနှင့် မွန်တီနီဂရိုး နိုင်ငံများသို့ စက်တင်ဘာ ၈ ရက်မှ ၁၅ ရက်အထိ အလည်အပတ် သွားရောက်ရန် စက် တင်ဘာ ၈ ရက် နံနက်ပိုင်းတွင်
ထိုင်းနိုင်ငံမှ ထွက်ခွာသွားကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။
ရင်လပ်နှင့်အတူ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီးချုပ် ကီတီ ရတ်နာရာနွန်၊ နိုင်ငံခြားရေး ဝန်ကြီး ဆူရာပွန် တိုဗီ ချတ်ချိုင်ကူလ်၊ ပို့ဆောင်ရေးဝန်ကြီး ချာ့ဒ်ချတ်ဆူတီပန့်၊ စက်မှုဝန်ကြီးပရာဆတ်ဘွန်ချိုင်ဆွတ်၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးပီရာပန်ပါလူဆွတ်၊ မီဒီယာနှင့်အခြားသော ပုဂ္ဂလိက လုပ်ငန်းရှင်များ လိုက်ပါသွားကြောင်း သိရသည်။ရင်လပ်သည်ဆွစ်ဇာလန်နိုင်ငံသို့ ရောက်ရှိစဉ်(၂၄)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အီတလီ၊ ဗာတီကန် စီးတီးနှင့် မွန်တီနီဂရိုးနိုင်ငံသို့ဆက်လက်အလည်အပတ်သွားရောက်မည်ဖြစ်သည်။
ရင်လပ်အနေဖြင့် မွန်တီနီဂရိုးနိုင်ငံသို့ အလည်အပတ်သွားရောက်ရန် စီစဉ်မှုသည်အစ်ကိုဖြစ်သက်ဆင်၏ အငြင်းပွားဖွယ်အကျိုးစီးပွားနှင့်ပတ်သက်နေသည်ဟုအတိုက်အခံများ၏ စွပ်စွဲပြောကြားနေမှုများအား၎င်းက ငြင်းဆိုခဲ့ကြောင်းသိရသည်။ရင်လပ်အလည်အပတ်သွားရောက်စဉ် ခေတ္တဝန်ကြီးချုပ်တာဝန်အား ဒုတိယ ဝန်ကြီးချုပ်ပရာချာ ပရွန်နော့က တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment