ရှမ်းပြည်နယ်(မြောက်ပိုင်း)နေရာဒေသ အသီးသီးတွင်ဖြန့်ခွဲရောက်ရှိနေကြသော SSA(၀မ်ဟိုင်း)မှအဖွဲ့များ သည် ၀မ်ဟိုင်းဌာနချုပ်၏ညွှန်ကြားချက်အရ ၂၀၁၅ခုနှစ်မတိုင်မီ ၄င်းတို့အဖွဲ့အား တောင့်တင်းခိုင်မာသော အဖွဲ့အစည်းတစ်ခုဖြစ်ရေးအတွက် လူမျိုးတုံးစေမည့်စီးပွားရေးလုပ်ငန်းဖြစ်သော ဘိန်းပင်များစိုက်ပျိုးခြင်းကို
စက်တင်ဘာလအတွင်းအပြီးဆောင်ရွက်နိုင်ရေးလုပ်ဆောင်နေကြောင်းသိရပါသည်။
SSA(၀မ်ဟိုင်း)အဖွဲ့သည်ယခုကဲ့သို့ဘိန်းစိုက်ပျိုးသည့်ကာလအတွင်းဘိန်းစိုက်ပျိုးထားသည့် နေရာများသို့ နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်မတော်စစ်ကြောင်းများ ၀င်ရောက်နိုင်ခြင်းမရှိအောင်လူအင်အား သုံးပြီးဘိန်းခင်းကာကွယ်ရေးအားဆောင်ရွက်နေကြကြောင်းနှင့်ကျေးရွာများသို့လည်း ဘိန်းစိုက်ပျိုးရန်နှင့် စိုက်ပျိုးသည့် ဧကများအား တွက်ချက်တင်ပြရန်ပြောဆိုထားကြောင်းသိရပါသည်။
No comments:
Post a Comment