ရှမ်းပြည်မြောက်ပိုင်း၊နမ္မတူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး သည် ဒေသခံရွာသူ/ရွာသားများအပေါ် သြဇာသက်ရောက်စေရန်နှင့် နယ်မြေအတွင်း ၄င်းတို့၏ SNDP ပါတီလွှမ်းမိုးနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် SSPP/SSA အဖွဲ့များဖြင့် တွေ့ဆုံ၍ နည်းလမ်းမကျသော
ပါတီအောင်နိုင်ရေး စည်းရုံးမှုများအား ဆောင်ရွက်လျက်ရှိကြောင်း နမ္မတူမြို့နယ်အတွင်း ဒေသခံများထံမှ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။
ပါတီအောင်နိုင်ရေး စည်းရုံးမှုများအား ဆောင်ရွက်လျက်ရှိကြောင်း နမ္မတူမြို့နယ်အတွင်း ဒေသခံများထံမှ သတင်းများထွက်ပေါ်လျက်ရှိပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေးအနေဖြင့် ၄င်းတို့ပြောလျက်ရှိသော ပြည်သူ့အသံ လွတ်တော် အသံဟုဆိုနေသော်လည်းပြည်သူများ၏ ငြီးတွားလျက်ရှိသော SSA(၀မ်ဟိုင်း)၊ SSA (ရွက်ဆစ်)အဖွဲ့များ၏ ဆက်ကြေးကောက်ခံနေမှုနှင့်အတင်းအဓမ္မဖမ်းဆီးတပ်သားသစ်စုဆောင်းလျက်ရှိသောကြောင့်အရွယ်ရောက် ယောကျာင်္းလေးများမြို့ပေါ်ဘုန်းကြီးကျောင်းသို့ သင်္ကန်းဝတ်ရန်စေလွှတ်ထားမှုများ ၊သားမလိုက်နိုင်သော ကြောင့်အဖေလုပ်သူလူသစ်စုဆောင်းခံနေရမှုများအားမသိကျေးကျွန် ပြုလျက်မိမိ၏သြဇာအာဏာညောင်း စေရန်ခေါင်းစဉ်အမျိုးမျိုးပြ၍SSA(၀မ်ဟိုင်း)အဖွဲ့များအားခါးပိုက်ဆောင်တပ်သဖွယ်အသုံးချလျက်ရှိပေသည်။
လက်ရှိ မုံးရင်ဒေသသို့ ဒေါ်နန်းခမ်းအေး ၂၀၁၃ စက်တင်ဘာလ ၁၆ ရက်နေ့ ရောက်ရှိချိန်မှစပြီး တိုက်ပွဲများ ဖြစ်ပွားလာသောကြောင့် ဒေသခံများမှ ၄င်းရောက်ရှိမှုအား မနှစ်မြို့သော်လည်း SSA (၀မ်ဟိုင်း)၏ ကျောထောက်နောက်ခံပြုထားသောကြောင့် မည်သည့် ကျေးရွာသူ/ရွာသားများမှ အခြေအနေ ဖြစ်စဉ်မှန်များအား ထုတ်ဖော်မပြောရဲလောက်အောင် ကြောက်ရွံ့စိုးထိတ်လျက်ရှိပါတယ်။
သို့ဖြစ်၍ရှမ်းတိုင်းရင်းသားများအတွက်ဟူ၍ကြွေးကြော်နေသော်လည်း ဒေါ်နန်းခမ်းအေးနှင့် SSA(၀မ်ဟိုင်း) နယ်မြေခံခေါင်းဆောင်အိုက်စံတို့၏အကြောင်းကိုမူကား၎င်းတို့ကာယကံရှင်၂ဦးသာသိရှိမည်ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပေသည်။
No comments:
Post a Comment