Tuesday, September 17, 2013

အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီးနောက် မွတ်ဆလင်သူပုန်တွေကို ဖိလစ်ပိုင်အစိုးရက လေကြောင်းမှ ဒုံးကျည်များဖြင့် စတင်တိုက်ခိုက်


17 September 2013


ဖိလစ်ပိုင်နိုင်ငံမှာ၈ရက်ကြာပြင်းထန်စွာပဋိပက္ခဖြစ်နေတဲ့မွတ်ဆလင်လွတ်မြောက်ရေးသူပုန်တွေကိုဖိလစ်ပိုင် အစိုးရကမနေ့ကရဟတ်ယာဉ်တွေ  သုံးပြိးလေကြောင်းကနေဒုံးကျည်တွေနဲ့    တိုက်ခိုက် ကြောင်းသိရသည်။
စက်တင်ဘာ၁၃ရက်နေ့ကစတင်ဖြစ်ပွါးခဲ့တဲ့     ဒီတိုက်ပွဲမှာဇမ်ဘိုအန်ဂါမြို့ကိုမွတ်ဆလင် သူပုန်တွေကစီးနင်း ထားတာဖြစ်ပါတယ်။တိုက်ပွဲအတွင်းပြည်သူ(၆၀)၊ရဲတပ်ဖွဲ့ဝင်(၄)ဦးနဲ့ဖိလစ်ပိုင်အစိုးရ တပ်ဖွဲ့(၆)ဦး တို့သေဆုံး ခဲ့ပါတယ်။ဒေသခံများလည်းထွက်ပြေးနေရပြီးငါးသေတ္တာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ဇမ်ဘိုအန်ဂါမြို့မှာတစ်နေ့ ၀င်ငွေ(၁.၁ဘီလျှံ)ဆုံးရှုံးနေပါတယ်။မွတ်ဆလင်သူပုန်အဖွဲ့ဟာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေးပျက်ပြားပြီးနောက် ကတ်သလစ်ဘာသာဝင်တွေနေထိုင်ရာနယ်မြေတွေကိုမွတ်ဆလင်သူပုန်တွေကနယ်မြေခွဲခြားရယူနိုင်ဖို့အတွက် တိုက်ပွဲတွေပြန်လည်ဖြစ်ပွါးခဲ့တာဖြစ်ပြီးအစိုးရဘက်မှမွတ်ဆလင်သူပုန်တွေကို ပြတ်ပြတ်သားသားနှိမ်နှင်းခဲ့တာ   ဖြစ်ပါတယ်။

ဇမ်ဘိုအန်ဂါရဲ့ကမ်းရိုးတန်းရွှာနှစ်ရွှာမှာလည်းသူပုန်တွေနဲ့အစိုးရတပ်တွေ မြေပြင်တိုက်ပွဲတွေဆက်လက်ဖြစ်ပွါး   နေတယ်လို့အစိုးရစစ်တပ်က  ပြောကြားပါတယ် ။အစိုးရဘက်ကစစ်သား၃၀၀၀ကျော်နဲ့ ဇမ်ဘိုအန်ဂါ တ၀ိုက်ကိုပိတ်ဆို့ဝိုင်းရံနေပြီး  သူပုန်အင်အား၁၀၀ဟာပိတ်မိနေပြီးအရပ်သားတွေကိုဓါးစာခံအဖြစ်အသုံးပြုနေ ပါတယ်။၁၅ရက်နေ့ကလည်းသူပုန်တွေဟာလက်နက်ချအညံခံပြီးအရပ်သားတွေပုံစံဟန်ဆောင်ပြီးထွက်ပြေးဖို့ လုပ်နေရာအစိုးရစစ်တပ်ကဖမ်းမိခဲ့သလို သူပုန်တွေဆုတ်ခွါမယ့် လမ်းကြောင်းတွေကိုလည်းပိတ်ထားပြီး ဖြစ်   ကြောင်း သိရသည်။


မြန်မာပြည်သား

No comments:

Post a Comment