Wednesday, September 25, 2013

KIA အဖွဲ့မှ တပ်ဖွဲ့ဝင် (၂) ဦးလက်နက်မဲ့ အလင်းဝင်ရောက်


25 September 2013













ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ တပ်ဖွဲ့ဝင်(၂)ဦးသည်၂၀၁၃ ခုနှစ် စက်တင်ဘာ (၂၀) ရက်တွင် မိုးညှင်းမြို့ အစိုးရဌာနဆိုင်ရာရုံးတစ်ရုံးသို့ လက်နက်မဲ့အလင်းဝင်ရောက်လာခဲ့ကြကြောင်း မြို့ခံအချို့ထံမှ သိရှိရသည်။  အလင်းဝင်ရောက်လာသူ   KIA တပ်ဖွဲ့ဝင် ( ၂) ဦးမှာ  မိုးညှင်းမြို့နယ်၊   နန့်စီး အောင်ကျေးရွာနေ
တပ်သားအဆင့်ရှိ သီဟစိုးနှင့်    နန့်ဆော်လော်ကျေးရွာနေ       တပ်သားအဆင့်ရှိ    ဇေယျာတို့ဖြစ်ကြောင်း ယင်းရုံးနှင့်နီးစပ်သော  အသိုင်းအ၀န်းထံမှ  သိရသည်။  လွန်ခဲ့သော(၅)ရက်ခန့်ကအလင်းဝင်ခဲ့သောတပ်ဖွဲ့ဝင် များနှင့် ပတ်သက်သောသတင်းမှာမိုးညှင်းမြို့ပေါ်ရပ်ကွက်များ၌ ပျံ့နှံ့လျက်ရှိသည်။

“KIOခေါင်းဆောင်ပိုင်းကအစိုးရနဲ့ဒီလ(၁၆)ရက်နေ့ကတွေ့ဆုံဆွေးနွေး ခဲ့ပေမယ့်KIA  ခေါင်းဆောင်ပိုင်းက သဘောထားကွဲလွဲမှုတွေရှိသောကြောင့် အောက်တိုဘာမှာလုပ်မယ့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာKIAမတက်ဘူးလို့သတင်းများထွက်ပေါ်နေသော  ကြောင့်တိုက်ပွဲတွေပြန်ဖြစ်မှာစိုးရိမ်ပြီး အသက်အသေမခံနိုင်တဲ့တပ်ဖွဲ့ဝင်တွေကအလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်းနှင့် KIAတပ်ဖွဲ့ဝင်များ အလင်း ၀င်ရသည့်အကြောင်းမှာလစာမရရှိခြင်း၊စားနပ်ရိက္ခာမပြည့်စုံခြင်း၊ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်း၊ ဒေသခံ တိုင်းရင်းသားများထံမှအနိုင်ကျင့်ဆက်ကြေးကောက်ပြီးစားသောက်နေရခြင်းတို့ကြောင့်ဖြစ်သည်ဟု သိရ သည်။

 “ တကယ်တော့ အလင်းဝင်လာတဲ့ KIA တပ်ဖွဲ့ဝင် များဟာ စစ်မတိုက်ဘဲ မိသားစုနှင့် ငြိမ်းချမ်းစွာ အတူတကွ နေထိုင်လိုသောကြောင့်အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်းနှင့်KIAခေါင်းဆောင်ပိုင်းကစစ်ရေးပြင်ဆင် မှုများဆက်လက်လုပ်ဆောင်နေသောကြောင့်ငြိမ်းချမ်းရေး ရဖို့ စောင့်ရဦးမယ်မည်ကို သိရှိသောကြောင့် ယခုကဲ့သို့ အလင်းဝင်ရောက်လာခြင်းဖြစ်သည်ဟု သိရပါသည်။

 ကချင်လွတ်မြောက်ရေးတပ်မတော်(KIO) နှင့်အစိုးရအဖွဲ့တို့သည်လာမည့် အောက်တိုဘာ(၅)ရက်နေ့တွင်   ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်ရန် သဘောတူညီမှု ရရှိထားပြီးဖြစ်ပါသည်။ 

No comments:

Post a Comment