SSA(၀မ်ဟိုင်း)အဖွဲ့မှစစ်သည်စိုင်းလောင်သည်ဖက်နမ်ကျေးရွာအုပ်စု၊ဖက်နမ်ကျေးရွာနေအသက်(၁၂)အရွယ် နန်းမွန်းအားစက်တင်ဘာလ ၄ ရက်နေ့က သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်းနှင့် စိုင်းလောင်မှ နန်းမွန်းအား
သားမယားအဖြစ်ပြုကျင့်ခဲ့မှုအား SSA(၀မ်ဟိုင်း)မှ တာဝန်ရှိသူများက နန်းမွန်း၏ မိဘအုပ်ထိန်းသူများကို လျော်ကြေးငွေအဖြစ် ငွေကျပ်(၅)သိန်းပေးအပ်ခဲ့ကြောင်း၊ မုဒိမ်းမှုကျူးလွန်းသူ စိုင်းလောင်ကိုလည်း SSA (၀မ်ဟိုင်း)ဌာနချုပ် အချုပ်တွင် ချုပ်နှောင်ထားကြောင်းသိရသည်။
အဆိုပါ လုပ်ရပ်နှင့်ပတ်သက်၍ လူထုအတွင်းဖြစ်ပေါ်နေသောအသံများမှာ SSPP/SSA အဖွဲ့အနေဖြင့် ရှမ်းပြည်တိုးတက်ရေး၊ရှမ်းလူမျိုးများတန်းတူအခွင့်အရေးရရှိရေး၊ ရှမ်းလူမျိုးများကာကွယ်စောင့်ရှောက်ရေးဟု အသံကောင်းဟစ်နေသော်လည်း လက်အောက်တပ်ဖွဲ့ဝင်များမှ SSA(၀မ်ဟိုင်း)ဗဟိုကော်မတီ၏အမိန့်အား နာခံမှုမရှိဘဲယခုလို သားမယားအဖြစ်ပြုကျင့်ခဲ့ခြင်းများ များစွာပေါ်ပေါက်ခဲ့သည့်အပြင် အဓမ္မလူသစ် စုဆောင်းခြင်းကြောင့်ကျေးရွာရှိ လူငယ်လူရွယ်များမှာသာသနာ့ဘောင်အတွင်း ခိုလှုံဝင်ရောက်လျက်ရှိပြီး နှစ်စဉ်ကောက်ခံလျက်ရှိသော ဆက်ကြေး(သို့မဟုတ်)စစ်အောင်နိုင်ရေးရန်ပုံငွေအတွက် ဒေသခံရွာသူ ရွာသားများမှာ ၀န်ထုပ် ၀န်ပိုးဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment