လေ့လာမှုအသစ်တစ်ခုအရလေယာဉ်မောင်း ပိုင်းလော့များက သာမန်သူများထက်ဦးနှောက်ပြဿနာပိုဖြစ် နိုင်ကြောင်းသိရသည်။
လေ့လာမှုတွင်အသက်၂၆နှစ်နှင့်၅၀ကြားပိုင်းလော့များနှင့်ပိုင်းလော့မဟုတ်သူများကို
ဦးနှောက်အားMRIဖြင့်ပုံရိပ်ဖော်၍ကြည့်ခဲ့သည်။ ရလဒ်များအရအမြင့်ပေ၁၈၀ဝ၀အထက်ပျံသန်းခဲ့ကြရသော ပိုင်းလော့များတွင်ဖိအားကင်းလွတ်မှုရောဂါ(Decom-ression-Sickeness)ကိုခံစားကြရပြီးကြာလာသောအခါ ကိစ္စတစ်ခုခုအားလုပ်ဆောင်ရာ၌တွေးခေါ်ဆင်ခြင်မှုနှေးလာခြင်း၊အာရုံပျံ့လွင့်မှုများလာခြင်းတို့အပြင် ထာဝရ မှတ်ဥာဏ်ပျောက်ဆုံးခြင်းတို့ကို ခံစားကြရကြောင်းတွေ့ရှိ ခဲ့ကြသည်။ ထို့ကြောင့် MRI ပုံရိပ်ဖော်စက်တွင် ပိုင်းလော့များ၏ဦးနှောက်မှာ ပိုင်းလော့မဟုတ်သူများထက် ဦးနှောက်ပြဿနာရှိခြေ သုံးဆခန့်ပိုများကြောင်း တွေ့ရသည်။ ထို့ပြင် ပိုင်းလော့များ၌ Decom- pression Sickness ရှိဖူးသည် ဖြစ်စေ မရှိဘူးသည်ဖြစ်စေ ဦးနှောက် ပြဿနာကြုံ
တွေ့ရနိုင်ခြေမှာ အတူတူပင်ဖြစ်ကြောင်း သိရသည်။
မိုင်ကိ
ref:ANI
Health Updates Journal
No comments:
Post a Comment