သဘာဝဘေးဒဏ် မိုးကြိုးပစ်မှုကြောင့် ပျက်စီးသွားခဲ့သော လောက်ကိုင်ခရိုင် ချင်းရွှေဟော် မြို့နယ်ခွဲနှင့် ဟိုပန်ခရိုင် နမ့်တစ်မြို့နယ်တို့အား ဆက်သွယ်ထားသော ညီနောင်တံတားအား နှစ်ဘက် ပြည်သူလူထု လမ်းပန်းဆက်သွယ်ရေးလွယ်ကူစေရန် ပြန်လည်ပြုပြီးဖြစ်သောကြောင့်ယနေ့ စက်တင်ဘာလ ၂၅ရက်နေ့
နံနက်၈နာရီမိနစ်၃၀တွင်ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ တံတားဖွင့်လှစ်ပြီးဖြစ်သောကြောင့် ဖြတ်သန်း သွားလာသော ပြည်သူများမှလည်း သတ်မှတ် စည်းကမ်းချက်များအတိုင်း ဖြတ်သန်းသွားလာရန်နှင့် မတရား အခွန်ကောက်ခံမှုများ မရှိစေရေးသက်ဆိုင်ရာတာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သွားမည်ဟုလည်းသိရ ပါသည်။
No comments:
Post a Comment