Tuesday, January 12, 2016

KIA အဖွဲ့မှ စစ်ရှောင်ဒုက္ခသည်များ အား ထောက်ပံ့ရန် အကြောင်းပြ၍ ဒေသ ခံကျေးရွာများတွင် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံ

၂၀၁၆ ဇန်န၀ါရီ ၁၃


ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ ကျေးရွာများ၌ ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် KIA အဖွဲ့မှ စစ်ဘေးရှောင် ဒုက္ခသည်များအား ထောက်ပံ့ရန်အတွက်ဟု အကြောင်းပြကာ ဆက်ကြေးငွေများကောက်ခံနေကြောင်း ယင်း ဒေသခံများထံမှ သိရသည်။

မိုးညှင်းမြို့နယ်ရှိ ကျေးရွာအုပ်စုများတွင် KIA အဖွဲ့မှ စစ်ဘေးရှောင် ဒုက္ခသည်များအား ထောက်ပံ့ရန် အတွက် ကျေးရွာတစ်ရွာလျှင် ဆက်ကြေးငွေ ၂ သိန်းကျပ်နှုန်း ကောက်ခံနေကြောင်း အမည်မဖော်လို သူ ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ပြောပြသည်။

“ရွာကို KIA အဖွဲ့တစ်ဖွဲ့ ရောက်လာတယ်၊ စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွေကို ထောက်ပံ့ဖို့အတွက် ဆိုပြီး ဆက်ကြေးလာကောက်တယ်၊ အမှန်တော့ သူတို့အတွက် ဆက်ကြေးငွေတောင်းတာပါ၊ စစ်ဘေးရှောင် ဒုက္ခသည်ကို အကြောင်းပြတောင်းတာပါ၊ တစ်နှစ်စာလို့ပြောတာပဲ၊ သူတို့အဖွဲ့က ဒုက္ခသည်တွေကို ထောက် ပံ့ပေးတယ်ဆိုတာ မကြားဖူးပါဘူးဗျာ၊ ကိုယ်ကျိုးအတွက်ပဲအမြဲလုပ်နေတာ၊ အဲလိုထောက်ပံ့ပေးဖို့မပြော နဲ့ ဒေသခံတွေကို လူသစ်အဖြစ် အတင်းအကြပ်လိုက်ဖမ်းတယ်၊ အကြောင်း အမျိုးမျိုးပြောပြီး ဆက်ကြေးတောင်းတယ်၊၊ ခေါင်းစဉ်မထပ်ဘူးဗျာ၊ တတ်လည်းတတ်နိုင်တဲ့ ကောင်တွေ၊ ဒေ သခံတွေကလည်း ဆက်ကြေးဆို သိပ်မပေးချင်ကြတော့ဘူး၊ ဘယ်အချိန် ထပ်တောင်းအုံး မလဲမသိဘူး” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောပြသည်။

KIA အဖွဲ့မှ ဒုက္ခသည်စခန်းများအား ထောက်ပံ့ရန်အတွက် အကြောင်းပြကာ ဆက်ကြေးငွေများ မကြာခဏ ကောက်ခံလျက်ရှိကြောင်းနှင့် မိုးညှင်းမြို့နယ် အတွင်းရှိ ဆက်ကြေးငွေပေးဆောင်ရန် ကျန် ရှိနေသေးသော ကျေးရွာများအား အတင်းအကြပ် လိုက်လံကောက်ခံနေကြောင်းလည်း သိရသည်။
နော်ဂျာ

Credit >>> Kachin Daily News

No comments:

Post a Comment