Monday, January 11, 2016

မိုးကောင်းမြို့မှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး KIA မိုင်းထိပေါက်ကွဲပြီး လက်ကောက်ဝတ်ပြတ်ရှ၊ မိုင်းစများ တစ်ကိုယ်လုံးထိမှန် ဒဏ်ရာရရှိ

၂၀၁၆ ဇန်န၀ါရီ ၁၁  


၂၀၁၆ ဇန်န၀ါရီ ၉ ရက်နေ့က မိုးကောင်းမြို့၊ မန်ရွက်ကျေးရွာနေ ပြည်သူ့စစ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးချစ်ဦး (၄၅) နှစ်၊ ဗမာ/ဗုဒ္ဓ သည် ၎င်း၏နေအိမ်မှ တောင်ယာသို့ သွားရောက်စဉ် ရွာအထွက်၌ ခြေချော်လဲကာ KIA သောင်းကျန်းသူ ထောင်ထားသော မြေမြုပ်မိုင်း (၁)လုံးအား လက်ထောက်မိပြီး ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ခြေချော်လဲ၍ KIA မိုင်းအား လက်ထောက်မိသော ညာဘက်လက်မှာ လက်ကောက်ဝတ်မှနေ၍ ပြတ်ထွက် သွားကြောင်း၊ မိုင်းစများမှာ ညာဘက်ပေါင်နှင့် ၀မ်းဗိုက်တို့တွင် ဖောက်ဝင်ပေါက်ပြဲ ဒဏ်ရာများ ပြင်းထန်စွာ ရရှိခဲ့သည်။


 
 
ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ လူနာအား ၎င်းနေရာသို့ သွားရောက်ခေါ်ယူပြီး မိုးကောင်းဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်။ ထို့နောက် မိုးကောင်းဆေးရုံမှ မြစ်ကြီးနား တပ်မတော်စစ်ဆေးရုံသို့ ဆက်လက်၍ ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။ ယခု လူနာမှာ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျှက်ရှိသည်။

မိုးကောင်းမြို့နယ်အတွင်း မကြာခဏဆိုသလို KIA မိုင်းများ တွေ့ရှိနေခြင်းကြောင့် မိုးညှင်းမြို့ပတ်ဝန်းကျင်မှ ထွက်ပြေးသွားသော KIA တပ်ဖွဲ့ဝင်များ မိုးကောင်းမြို့အနီးဝန်းကျင်သို့ နယ်မြေတိုးချဲ့လာပြီး စခန်းပုန်းများ တည်ဆောက်ကာ အခြေချနေနိုင်ကြောင်း မိုးကောင်းမြို့ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ သုံးသပ်ပြောဆိုနေ ကြသည်။

ယခုကဲ့သို့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး KIA မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရိခဲ့မှုအပေါ် (ဌာနေ)ပြည် သူ့စစ်တပ်ဖွဲ့ဝင်များမှ ခေါင်းငုံ့ခံနေမည်မဟုတ်ကြောင်း၊ KIA အနေဖြင့် တူသောအကျိုးကို ပြန်လည်ခံစားရ မည်ဟု ပြောဆိုလိုက်ကြောင်း ကြားသိရသည်။

Credit >>> Voice Of Kachin

No comments:

Post a Comment