Monday, January 4, 2016

လောက်ကိုင်မြို့တွင် MNDAA သောင်းကျန်းသူများကို ရှုတ်ချပွဲအခမ်းအနားပြုလုပ်

၂၀၁၆ ဇန်န၀ါနရီ ၎


နေပြည်တော်၊ ဇန်နဝါရီ ၎
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့၌ ယနေ့နံနက် ၉ နာရီ တွင် လောက်ကိုင်မြို့မှ ရပ်မိရပ်ဖများနှင့် ကိုးကန့်လူငယ်အသင်းတို့မှ ဦးဆောင်၍ MNDAA သောင်းကျန်း သူများကို ရှုတ်ချပွဲအခမ်းအနားအားပြုလုပ်ရာ လောက်ကိုင်မြို့ပေါ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ တိုင်းရင်း သားပြည်သူလူထု ၈၀၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရှုတ်ချပွဲသို့ တက်ရောက်လာကြသော တိုင်းရင်းသားပြည်သူများသည် လောက်ကိုင်မြို့၊ ရပ်ကွက် (၃)၊ ပြည်ထောင်စုလမ်းမကြီးရှိ အေးငြိမ်းချမ်းသာ ပြည်သူ့ဥယျာဉ်တွင် စတင်စုဝေးကြပြီး လက်ကိုင်ဆောင် ပုဒ်များ၊ ကြွေးကြော်သံများဖြင့် ဘုံခုနှစ်ဆင့်အဝိုင်းမှ တစ်ဆင့် ပြည်ထောင်စု လမ်းမကြီးအတိုင်း ချီတက်ကာ လူထုကဇာတ်ရုံကွင်းပြင်တွင် ပြန်လည်စုဝေးပြီး အခမ်းအနားကို ဆက်လက်ကျင်းပကြသည်။

 
 
 
 

အခမ်းအနားတွင် တိုင်းရင်းသားတစ်ဦးက MNDAA သောင်းကျန်းသူများ အနေဖြင့် မြို့ရွာများကို ဝင်ရောက်နှောင့်ယှက်ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက် ခွဲဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးကာ လူမှုစီးပွား တည်ငြိမ်မှုမရှိအောင် ဆောင်ရွက်လျက်ရှိသဖြင့် ကိုးကန့်ဒေသနှင့် ပြည်သူလူထု၏ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ကို အကြမ်းဖက်လုပ်ရပ်များဖြင့် နှောင့်ယှက်ဖျက်ဆီးနေသော MNDAA သောင်းကျန်းသူ အဖွဲ့အား ကိုးကန့်ပြည်သူလူထု တစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်နှင့်ပူးပေါင်း၍ ဆန့်ကျင်တိုက်ဖျက်ကြ မည်ဖြစ်ကြောင်း ပြောကြားပြီး ဒေသခံပြည်သူနှစ်ဦးက ထောက်ခံဆွေးနွေးကြသည်။

ယင်းနောက် " ကိုးကန့်ပြည်သူ့အကျိုးစီးပွား ဖျက်ဆီးနေတဲ့ MNDAA ကျဆုံးပါစေ၊ ကျဆုံးပါစေ " ၊ " နယ်စပ်ဒေသကိုအခြေခံပြီး ကိုးကန့်ဒေသကို တိုက်ခိုက်နေသော MNDAA တိုက်ဖျက်ပစ်၊ တိုက်ဖျက်ပစ် " ၊ " နယ်စပ်ဒေသတည်ငြိမ်ပါစေ၊ MNDAA ကျဆုံးပါစေ၊ ကျဆုံးပါစေ" ၊ " ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှာ အကြမ်းဖက်သမား အလိုမရှိ၊ အလိုမရှိ " စသည့် ကြွေးကြော်သံများ ကြွေးကြော်ကြပြီး အခမ်းအနားကို ရုပ်သိမ်းကာ နေရပ်အသီးသီးသို့ စနစ်တကျ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရှိရသည်။

Credit >>> မြ၀တီ

No comments:

Post a Comment