၂၀၁၆ ဇန်န၀ါရီ ၇
နောက်ဆုံး သုတေသနပြုချက်အရ ကြက်သွန်ဖြူအဆီက
သွားကိုက်ဝေဒနာကို ထိရောက်စွာ ဖြေ ရှင်းနိုင်ကြောင်း ဖော်ပြပါတယ်။ ဒီသဘာဝဆေးနည်းကို
သွားကိုက်ဝေဒနာ သက်သာစေရာမှာ အင်မတန် အစွမ်းထက်ကြောင်း သတ်မှတ်ပြီး လူမျိုးနွယ်စု အတော်များများက
သွားကိုက်ဝေဒနာကုသဖို့ ဒါကို ရာစုနှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြပါတယ်။
သွားပေါ်ကနေ ကြက်သွန်ဖြူတင်ထားခြင်းဖြင့် သွားကိုထုံစေပြီး အကိုက်အခဲ သက်သာစေပါတယ်။ ဒီ့ပြင် ကြက်သွန်ဖြူစိတ်လေးတွေက
နည်းလမ်းပေါင်းစုံ အသုံးတည့်ပါတယ်။ သူ့မှာ အစားချေချက်အားနဲ့ အရိုး သန်မာခြင်းအတွက် အရေးကြီးတဲ့ မဂ္ဂနစ်(စ်)ဒြပ် ကြွယ်ဝပါတယ်။ သွေးလည်ပတ်မှု လှုံ့ဆော်ပြီး နှလုံးသွေးကြော စနစ်အတွက်
ကောင်းမွန်တဲ့ eugenol ဓာတုပစ္စည်း တစ်မျိုးလည်း ပါဝင်ပါ တယ်။ နောက်ပြီး ကြက်သွန်ဖြူမှာ
ကိုယ်ခံစားကောင်းစေတဲ့ အစွမ်းထက် အင်တီအောက်စီဒင်း ပါဝင်ပါတယ်။
Credit -Trend Myanmar
❣❄❦မောင်သုတ(NMN)❄❦❣
No comments:
Post a Comment