Monday, January 11, 2016

PSLF/TNLA အဖွဲ့မှ မိုင်းခက်ရွာသားများထံ တစ်အိမ်ကို ဆန်၂တင်းတောင်းယူ

၂၀၁၆ ဇန်န၀ါရီ ၁၁


ကျောက်မဲခရိုင် မန်တုံမြို့နယ် မိုင်းခက်ရွာအနီး၌ PSLF/TNLA အဖွဲ့မှ စခန်းသစ်ဆောက်ပြီးလှုပ်ရှားနေပြီး ၄င်းတပ်သားများစားသုံးရန်အတွက် မိုင်းခက်ရွာသားများထံသို့ တစ်အိမ်ကို ဆန်၂ တင်း တောင်းယူ သွားကြောင်း သိရပါသည်။

PSLF/TNLA အဖွဲ့မှ ဖမ်းဆီးသွားသည့် မိုင်းခက်ရွာသား ၈ ဦးကို ပြန်လွတ်ပေးပြီးသည့်နောက်ပိုင်း မိုင်းခက် ရွာတောင်ပိုင်းသို့ စခန်းသစ် ဆောက်ပြီး စစ်အင်အားများဖြည့်တင်းကာ မိုင်းခက်တောင်ကြော တစ်ဝိုက် လှုပ်ရှားနေပြီး ဇန်နဝါရီလ ၇-၈ ရက်နေ့များတွင် ၄င်းတို့၏ တပ်သားများစားသုံးရန်အတွက် မိုင်းခက်ရွာ အတွင်းနေထိုင်သည့် သျှမ်းမိသားစုအိမ်များထံသို့ တစ်အိမ်ကို ဆန် ၂ တင်း အတင်းအဓ္ဓမ တောင်း ယူနေကြောင်း သတင်းရရှိပါသည်။

PSLF/TNLA အဖွဲ့တို့ မိုင်းခက်ရွာတောင်ပိုင်းတွင် စခန်းသစ် ဆောက်ပြီး အခြေချလှုပ်ရှားလာသည့် အချိန်မှစပြီး မိုင်းခက်ရွာသားများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေကြောင်း၊ရွာအဝင်လမ်း၌လည်း ရွာထဲသို့ဝင်ထွက် သွားလာသူတိုင်းကို လက်မှတ်ရေးထိုးပြီးမှ ဝင်ထွက်ရကြောင်း ဒေသခံ ရွာသားတစ်ဦးမှ သတင်းပေးပို့ခဲ့ ပါသည်။

အလားတူပင် ဇန်နဝါရီလ ၇ ရက်နေ့တွင် နမ့်ခမ်းမြို့နယ် တွင် မိုင်းဝီးသို့ စစ်ပြေးရှောင်လာသည့် ဟိုပန်ရွာ မှ ရပ်မိရပ်ဖများ ရွာမှထွက်လာ တာကြာပြီဖြစ်သည့်အတွက် ရွာအတွင်းရှိ ကျောင်းကန်ဘုရားများကို သန့်ရှင်းရေးပြု လုပ်ရန် ရွာထဲသို့ တစ်ညအိပ်ပြီး နံနက် ၈း၁၅ အချိန်ခန့်၌ ရပ်မိရပ်ဖများ ဆွမ်းတော် တင်နေချိန်တွင် PSLF/TNLAအဖွဲ့တို့ ကောင်းဝိန်းအနောက်ဘက်မှနေပြီး 60 MM ဖြင့် ရွာထဲသို့ ၄ လုံးပစ် လိုက်သောကြောင့် ရပ်မိရပ်ဖများ ထိန့်လန့်ခဲ့ရကြောင်း သတင်းရရှိပါသည်။

Credit >>> Tai Freedom

No comments:

Post a Comment