၂၀၁၆ ဇန်န၀ါရီ ၁၂
“ ကျွန်တော်တို့ရွာကို ဇန်န၀ါရီ ၉ ရက်နေ့ မနက် ၉ နာရီလောက်မှာ TNLA အဖွဲ့တွေရောက် လာတယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကိုခေါ်ပြီး လုံထောက်ကျေးရွာ(အနောက်)နဲ့ လုံထောက်ကျေးရွာ(အရှေ့တို့ က ရွာသားတွေ ကိုခေါ်ပြီး လူသစ်နဲ့ ဆက်ကြေးငွေပေးဆောင်ရေး အတွက်အစည်းအဝေးပြုလုပ်ခဲ့တယ်၊ သူတို့အဖွဲ့က ခေါင်းဆောင်ဖြစ်သူက ကျေးရွာတစ်ရွာကို လူသစ် ၇ ဦးနဲ့ ဆက်ကြေးငွေ ၇ဝဝဝဝ ကျပ် စီ ပေးဆောင်ရမယ်လို့ ပြောတယ်” ဟု လုံထောက်ရွာ(အနောက်)မှ ရွာသားတစ်ဦးက ပြောပြခဲ့ပါသည်။
လုံထောက်ကျေးရွာ(အရှေ့)မှ ရွာသားတစ်ဦးကလည်း “ ကျွန်တော်တို့ရွာကိုလည်း အစည်းအဝေး လုပ်ဖို့ခေါ်လို့ ရွာကနေသွားခဲ့ရတယ်၊ အစည်းအဝေးမှာ လူသစ် ၇ ဦးနဲ့ ဆက်ကြေးငွေ ၇ဝဝဝဝ ကျပ်ပေးဆောင်ရမယ်လို့ပြောပါတယ်၊ နောက်ပြီး ကျွန်တော်တို့ရွာက ပလောင်ရွာဆိုပေမယ့် ရှမ်းလူမျိုးတွေ လည်းရှိပါတယ်၊ ရှမ်းလူမျိုးတွေကလည်း လူသစ်အဖြစ်မလိုက်ချင်ဘူး၊ အခုတိုက်ပွဲတွေက ဖြစ်နေတော့ TNLA အဖွဲ့က လူသစ်နဲ့ ဆက်ကြေးကို အတင်းအဓမ္မကောက်ခံနေတာ၊ တိုက်ပွဲတွေဖြစ်လာပြီဆို ကျွန်တော် တို့ကျေးရွာတွေက အမြဲခံနေရတယ်၊ တိုက်ပွဲ တွေမဖြစ်စေချင်ဘူး”ဟု ပြောပြပါသည်။
“ TNLA အဖွဲ့ဟာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ကိုယ်စားပြုတယ်ဆိုတာ အပေါ်ယံသက်သက်ပါ၊ သူတို့သာ ဒေသခံတွေအပေါ်အလေးထားတယ်ဆိုရ င် တိုက်ပွဲတွေဖြစ်အောင်ဖန်တီး မှာ
မဟုတ်ဘူး၊ အခုတော့ အစိုးရ တပ်တွေနဲ့လည်း တိုက်ပွဲဖြစ်၊ RCSS/ SSA အဖွဲ့နဲ့လည်း တိုက်ပွဲဖြစ်၊ ပလောင်ဒေသဖွံ့ဖြိုး တိုးတက်အောင်တော့
ဘာတစ်ခုမှ လုပ်မပေးနိုင်ဘူး၊ KIA နဲ့ပေါင်းပြီး ပလောင်လူမျိုးတွေနဲ့ ဒေသခံ ရှမ်းတိုင်းရင်းသားတွေ ကိုပဲ
ဒုက္ခပေးနေတယ်၊ TNLA အဖွဲ့သက်ဆိုးရှည်နေခြင်းဟာ ပလောင်လူမျိုးတွေကို KIA အဖွဲ့နဲ့ပေါင်းပြီး ဘိန်းစားတွေ ဖြစ်လာအောင် ဖန်တီးနေခြင်းသာဖြစ်တယ်” ဟု နမ့်ဆန်မြို့ခံတစ်ဦးမှ ပြောသွား ပါသည်။
ခွန်မောင်သိန်း
Credit >>> Shan News
“ ကျွန်တော်တို့ရွာကို ဇန်န၀ါရီ ၉ ရက်နေ့ မနက် ၉ နာရီလောက်မှာ TNLA အဖွဲ့တွေရောက် လာတယ်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးကိုခေါ်ပြီး
လုံထောက်ကျေးရွာ(အရှေ့)မှ ရွာသားတစ်ဦးကလည်း “ ကျွန်တော်တို့ရွာကိုလည်း အစည်းအဝေး လုပ်ဖို့ခေါ်လို့ ရွာကနေသွားခဲ့ရတယ်၊ အစည်းအဝေးမှာ လူသစ် ၇ ဦးနဲ့ ဆက်ကြေးငွေ ၇ဝဝဝဝ ကျပ်ပေးဆောင်ရမယ်လို့ပြောပါတယ်၊ နောက်ပြီး ကျွန်တော်တို့ရွာက ပလောင်ရွာဆိုပေမယ့် ရှမ်းလူမျိုးတွေ လည်းရှိပါတယ
“ TNLA အဖွဲ့ဟာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခ
No comments:
Post a Comment