Wednesday, January 6, 2016

ဒေသခံ ရှမ်း၊ ကချင်လူမျိုး ၁၀ ဦးအား KIA အဖွဲ့မှ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်

၂၀၁၆ ဇန်န၀ါရီ ၆ 


ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာသို့ ဇန်န၀ါရီလ ၃ ရက်နေ့တွင်KIA အဖွဲ့တစ်ဖွဲ့ မှ ဒေသခံရှမ်းကချင်လူမျိုး ၁၀ ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံတစ်ဦးမှ ပြော သည်။

ကွတ်ခိုင်မြို့နယ်၊ မော်ဟန်ကျေးရွာသို့ ဇန်န၀ါရီလ ၃ ရက်နေ့၊ ည ၁၁ နာရီအချိန်ခန့်တွင် KIA အဖွဲ့ တစ်ဖွဲ့ ရောက်ရှိလာပြီး ကျေးရွာများအတွင်းရှိ နေအိမ်များသို့ ၀င်ရောက်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ရာ မော် ဟန်ရွာသား ၁၀ ဦးဖြစ်သော ဒေါင်ဇေ ၂၃ နှစ်၊ ဒေါင်ဟောင် ၂၃ နှစ်၊ ဂမ်ယော ၂၅ နှစ်၊ ရီအောင် ၃၀ နှစ် ၊ အောင်ကျော် ၂၉ နှစ်၊ လခမ်း ၁၇ နှစ်၊ လဒင် ၁၇ နှစ်၊ လဒွဲ ၁၆ နှစ်၊ လဂမ်ဘောမ်ဆော် ၁၅ နှစ်နှင့် ဂမ်အောင် ၁၄ နှစ်တို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ၎င်းတို့၏မိသားစုဝင်တစ်ဦးမှ ပြောပြခဲ့ပါသည်။

ယင်းသို့ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများနှင့်ပတ်သက်၍ KIA အဖွဲ့သည် ရှမ်းပြည်နယ်မြောက် ပိုင်းနှင့် ကချင်ပြည်နယ်အတွင်းသာမက စစ်ကိုင်းတိုင်းအတွင်းရှိ ဆက်စပ်လျက်ရှိသော ကျေးရွာများအတွင်းသို့ ၀င်ရောက်ကာ လူသစ်အဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်းများ အရင်ကတစ်ခါတစ်ရံသာ ဖြစ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဆက်တိုက် ပြုလုပ်လာသဖြင့် ဒေသခံများ စိုးရိမ်လျက်ရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးမှလည်း ပြောသည်။

ဇန်န၀ါရီလအတွင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အစပ် နေရာများတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ထိခိုက်ကျဆုံးမှုများရှိသဖြင့် KIA အဖွဲ့မှ အင်းအားဖြည့်တင်းရန်အတွက် လူသစ်အဖြစ် အဓမ္မဖမ်း ဆီး ခေါ်ဆောင်ခြင်းများအား ပိုမိုလုပ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသခံရှမ်းလူမျိုးများနှင့်လည်း ပဋိပက္ခ များဖြစ်ပွားလျက်ရှိကြောင်း ဒေသခံကျောင်းဆရာတစ်ဦးမှ ပြောပြခဲ့ပါသည်။
ကောင်းစံ(ဖားကန့်)

Credit >>> Kachin Daily News

No comments:

Post a Comment