၂၀၁၆ ဇန်န၀ါရီ ၁
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊ မိုညှင်းမြို့နယ်၊ ဘီးလူးကျေးရွာအုပ်စု၊
အုန်းဆံဆိုင်ကျေးရွာ၊ နန့်ဟန်ဂါးချောင်းဘေး တစ်လျှောက်၌ လမ်းခင်းကျောက်တူးဖော်နေသော
အလုပ်သမားများအား ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် KIA အဖွဲ့မှ ရိက္ခာများတောင်းခံသွားကြောင်း
သိရသည်။
“အလုပ်သမားတွေက ပိုက်ဆံမရှိလို့ လမ်းခင်းကျောက်တူးဖော်နေကြတာ များပါတယ်၊
တစ်နေ့ရတဲ့ လုပ်အားခလေးနဲ့ သူတို့မှာ ထမင်း၊ ဟင်း ချက်ပြုတ်စားသောက်နေရတာ၊ မရှိလို့
အလုပ်လုပ်နေတဲ့သူတွေ ကိုမှ သူတို့တွေက အနိုင်ကျင့်နေတယ်” ဟု အုန်းဆံဆိုင်ရွာသားတစ်ဦးက
ပြောသည်။
“အလုပ်သမားတွေက ပိုက်ဆံမရှိလို့ လမ်းခင်းကျောက်တူးဖော်နေကြတ
KIA အဖွဲ့မှ ရိက္ခာနှင့် အစားအသောက်များ အတင်းအကြပ်ကောက်ခံမှုကြောင့်
လမ်းခင်းကျောက် တူးဖော်နေ သူများအနေဖြင့် စားဝတ် နေရေးအခက်အခဲများ ရှိနေကြောင်း လမ်းခင်းကျောက်တူးဖော်သူများထံမှသိရသည်။
“တောင်ယာလုပ်ကိုင်စားသောက်စ ရာမရှိလို့ လမ်းခင်းကျောက်တွေ
လိုက်လံတူးဖော်နေရတာပါ၊ တစ်နေ့ ကိုယ်တူးနိုင်တဲ့အနေအထားနဲ့ ပဲ ပိုက်ဆံကရတာ၊ ငွေပိုငွေလျှံဆိုတာမရှိပါဘူး၊
လုပ်အားခလေးရမှ ဆန်လေး ဘာလေးဝယ်နေရတဲ့ဘဝပါ၊ နည်းနည်းပါးပါး ထမင်းလေးဘာလေး အကူညီတောင်းရင်တော့
ကျွေးနိုင်ပါတယ်” ဟု ဒေသခံ လမ်းခင်းကျောက်တူးဖော် နေသော အလုပ်သမားတစ်ဦးက ပြောသည်။
KIA အဖွဲ့နေဖြင့် ယခုကဲ့သို့ ဒေသခံတိုင်းရင်းသားများထံမှ
မကြာခဏ ဆက်ကြေးကောက်ခံလျက်ရှိသည့် အပြင် လမ်းခင်းကျောက်တူးဖော်နေသော အလုပ်သမားများထံမှလည်း
ရိက္ခာတောင်းခံခြင်းများ ပြုလုပ် လျက်ရှိနေသောကြောင့် ကချင်ပြည်နယ်ကြီးတိုးတက်ရေး ဟု
ပါးစပ်ကသာပြောနေပြီး လက်တွေ့မှာတော့ အပြောနှင့်မညီ လုပ်ကိုင်ဆောင်ရွက်နေသောကြောင့်
ဤဒေသတွင် ငြိမ်းချမ်းရေး၊ တိုးတက်ရေးတို့နှင့် အလှမ်းဝေးနေဦး မည်သာဖြစ်ကြောင်း မြစ်ကြီးနားမြို့ခံစီးပွားေ ရးလုပ်ငန်းရှင်တစ်ဦးက
ပြောကြားသွားခဲ့သည်။
ကောင်းစံ(ဖားကန့်)“တောင်ယာလုပ်ကိုင်စားသောက်စ
KIA အဖွဲ့နေဖြင့် ယခုကဲ့သို့ ဒေသခံတိုင်းရင်းသားများထံမှ
Credit >>> Kachin Daily News
No comments:
Post a Comment