Wednesday, February 3, 2016

ချင်းရွှေဟော်လမ်းဆုံ၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် အမျိုးသမီး တစ်ဦးအား ဖမ်းဆီးရမိ

၂၀၁၆ ဖေဖော်ဝါရီ ၃


နေပြည်တော်၊ ဖေဖော်ဝါရီ ၁

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော် လမ်းဆုံ၌ ဇန်နဝါရီ ၃၁ ရက် ညနေ ၅ နာရီ ၁ဝ မိနစ်ခန့်တွင် နယ်မြေခံ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့နှင့် မြို့နယ် လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ရှာဖွေ စစ်ဆေးမှုများ ဆောင်ရွက်စဉ် လောက်ကိုင် ဘက်မှ ချင်းရွှေဟော်ဘက်သို့ မကော်ရှောက်ကြူ (ဘ) ဦးလော်တုံပေါင်း မောင်းနှင်လာသော မတ်တူး အဖြူရောင် ယာဉ်တစ်စီးအား ရှာဖွေရာ ယာဉ်နောက်ခန်း အလယ်အံဝှက် အတွင်းမှ အနီရောင် ကတ်ထူ ဘူးဖြင့် ထုပ်ပိုးထားသော ဘိန်းဖြူ ဘလောက်တုံး ၁၈ တုံး၊ ၁၆ဝ ဂရမ်ခန့် (ကာလတန်ဖိုး ငွေကျပ်သိန်း ၃၂ဝ ခန့်)အား ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိသော တရားခံ၊ ယာဉ်နှင့် မူးယစ် ဆေးဝါးများအား မြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

Credit >>> တပ်မတော်သတင်းစဉ်

No comments:

Post a Comment