၂၀၁၆ ဖေဖော်ဝါရီ ၇
ယခုရက်ပိုင်းအတွင်းTNLAအဖွဲ့များသည် ကျောက်မဲမြို့နယ်ရှိပန်စန်နှင့်တော့စံသွား
လမ်းကြောင်း၌ခရီးသွား ပြည်သူများအားဖမ်းဆီး၍ဆက်ကြေးငွေများကောက်ခံနေ
ကြောင်း တော့စံကျေးရွာနေ ကျောင်းသား မိဘတစ်ဦးထံမှ တဆင့်သိရှိရပါသည်။
တော့စံကျေးရွာ၌TNLAအဖွဲ့များအတင်းအဓမ္မလူသစ်စုဆောင်းနေသဖြင့် ကျောင်းနေ
ရွယ်ကလေးများအား ကျောက်မဲမြို့ရှိ ဘော်ဒါဆောင်များတွင်ထား၍ ပညာသင်ကြား
နေသောသား သမီးများ အတွက်အဆောင်ကြေး ပေးရန် ဖေဖော်ဝါရီလ၆ရက်နေ့က
တော့စံရွာမှဆိုင်ကယ်ဖြင့်ထွက်လာစဉ်လမ်း၌TNLAအဖွဲ့နှင့် တွေ့၍ ငွေငါးသိန်းကျပ်
တောင်းခံခဲ့ကြောင်းသက်ဆိုင်ရာကိုအသိပေးပါကသတ်ပစ်မည်ဟု ခြိမ်းခြောက်ပြော
ဆိုခဲ့ကြောင်း ကျောင်းသားမိဘတစ်ဦးထံမှသိရှိရပါသည်။

No comments:
Post a Comment