၂၀၁၆ ဖေဖော်ဝါရီ ၃
နေပြည်တော်၊ ဖေဖော်ဝါရီ ၂
သိမ်းဆည်းရမိသည့် အမိုနီယမ်နိုက်ထရိတ်များအား အသေးစိတ် စစ်ဆေးသွားမည်ဖြစ်ပြီး တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit >>> တပ်မတော်သတင်းစဉ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊
မြို့ပတ်လမ်းရှိ ခြံပိုင်ရှင် မကျန်းကျားလျံ (ခ)အားလျံ ၄၃ နှစ်(ဘ)
ဦးကျန်းဝေ ပိုင်ဆိုင်သည့် ခြံအမှတ်(ကမတ/၀၆၁)တွင် အမိုနီယမ်နိုက်ထရိတ်များ
တရားမ၀င် သိုလှောင်ထားရှိကြောင်း သတင်းအရ တပ်မတော်စစ်ကြောင်း၊
ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်
ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော် ၀ါရီ ၁
ရက် ည ၉ နာရီခန့်တွင် သွားရောက်စစ်ဆေးရှာဖွေရာ ခြောက်ဘီးယာဉ် ကိုးစီးပေါ်မှ
တစ်ဖက်နိုင်ငံထုတ် အမိုနီယမ်နိုက်ထရိတ် တစ်အိတ်လျှင် ၄၀ ကီလိုဂရမ်ခန့်ပါ
၄၅၀၀ အိတ်၊ ကွန်ကရစ်ဂိုဒေါင်အတွင်းမှ REFINED SUGAR နှင့် သကြားဖြူဟုရေးထား
သောစာတန်းပါ အိတ်ဖြင့်ထည့်ထားသည့် အမိုနီယမ်နိုက်ထရိတ် ၂၀၀၀ အိတ်၊
စုစုပေါင်း အမိုနီယမ်နိုက်ထရိတ် ၆၅၀၀ အိတ်(ကာလ တန်ဖိုးငွေကျပ် ၂၂၇၅
သိန်းခန့်)အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသည့် အမိုနီယမ်နိုက်ထရိတ်များအား အသေးစိတ် စစ်ဆေးသွားမည်ဖြစ်ပြီး တရားခံများအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Credit >>> တပ်မတော်သတင်းစဉ်
No comments:
Post a Comment