Monday, February 29, 2016

သီပေါမြို့နမ့်ပေါ်ချောင်းကူးရထားသံလမ်းတံတားအနီးတွင်ဒေသန္တရလုပ် ချိန်ကိုက်မိုင်း၁လုံးတွေ့ရှိ

၂၉-၂-၂၀၁၆









၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့ နံနက် ၈နာရီခွဲခန့်တွင် သီပေါမြို့၊ မြို့လယ်ရပ်ကွက်အတွင်းရှိ နမ့်ပေါ် ချောင်းကူး ရထားသံလမ်းတံတားအနီး၌ သီပေါမြို့ဘူတာရုံမှသံလမ်းအလုပ်သမား ဦးငှေးဝင်းသည် သံလမ်းစစ်ဆေး ရန် မြို့လယ်ရပ်ကွက်မှဇာတ်စုရပ်ကွက်ဘက်သို့ သံလမ်းအတိုင်းသွားရောက်ခဲ့ရာ မြို့လယ်ရပ်ကွက်အတွင်းရှိ နမ့်ပေါ် ချောင်းကူးရထားသံလမ်းတံတားသို့ မရောက်မှီ သံလမ်း၏ယာဘက်တွင် မိုင်းဟုယူဆရသော အရာဝတ္ထုတစ်ခု တွေ့ရှိ၍သီပေါမြို့မရဲစခန်းသို့ဖုန်းဖြင့်သတင်းပေးပို့ခဲ့ကြောင်းသိရှိရသည်။


 ဖြစ်စဉ်နေရာသို့ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ နမ့်ပေါ်ချောင်းကူး ရထားသံလမ်းတံတားသို့ မရောက်မှီ ကိုက် ၃၀ ခန့်အကွာ သံလမ်း၏ယာဘက်၃ပေ ခန့်တွင် ဒေသန္တရလုပ်ချိန်ကိုက်မိုင်း၁လုံး
  တွေ့ရှိရသဖြင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များမှ ပတ်ဝန်းကျင်ဖယ်ရှားရှင်းလင်းကာ ၁၀နာရီ ၄၀ တွင် ၎င်းချိန်ကိုက်မိုင်းကို အချိန်မီအသက်မဲ့အောင် ကာကွယ်နိုင်ခဲ့ကြောင်းသိရှိရပါသည်။

အကယ်၍သာ အဆိုပါမိုင်းပေါက်ကွဲမှု ဖြစ်ပွါးပါက ရထားမှာတိမ်းမှောက် လွင့်စင်နိုင်ပြီး လူအသေ အပျောက်များနိုင် သဖြင့် ယခုကဲ့သို့လုပ်ရပ်များအား ပလောင်လက်နက်ကိုင်အဖွဲ့များအနေဖြင့် မလုပ်သင့်ကြောင်းပြင်းထန်စွာ ကန့်ကွက် ကြောင်း ရှမ်းလူမျိုးများထံမှသိရှိရပါသည်။

No comments:

Post a Comment