Wednesday, March 2, 2016

သိန်းနီမြို့နယ်၊ပန်ဟတ်ကျေးရွာအနီး ကချင်သောင်းကျန်းသူ ၄ ဦးဖမ်းဆီးရမိ



၂၀၁၆ မတ် ၂
 



၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်နေ့တွင် သိန်းနီမြို့နယ်အတွင်းရှိ မန်လင်ကျေးရွာအုပ်စု ပန်ဟတ် ကျေးရွာ အနီးရှိ နယ်မြေခံတပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်းချီတက်စဉ် မသင်္ကာဖွယ်ရာ(၁)နောင်လတ်(ဘ)ဦးလဂါ(၂)လဘောက်(ဘ)ဦးလဖုန်း(၃)လဂမ်(ဘ)ဦးလတောင် (၄)တိန့်ဆောင်(ဘ)ဦးကျန်းတန့် (၅)ဇော်နူး(ဘ)ဦးဇော်လွန်း (၆)လလွေ(ဘ)ဦးကွယ်ယုံ (၇)ဆော်ကျူး(ဘ)ဦးဝူလုံဘောက် (၈)လောက်ဖူး (ဘ)ဦးကွယ်မြင့် (၉)လီကျိန်ချိတ်(ဘ)ဦးလော့ဖူး (၁၀)လောင်ဇစ်(ဘ)ဦးရန်ကွယ်ယုံ(၁၁)ဇစ်ဖျင်(ဘ)ဦးရန်ရှောက်ယုံ(၁၂)ဟွာချိန်(ဘ)ဦးဇော်မိုင်ကျင်း (၁၃)လီကျုံးချိန်(ဘ) ဦးလောက်ကွယ် တို့ ၁၃ ဦးအားဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


၎င်းရွာသားများအား စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ရာ
(၁)နောင်လတ်၊ KIAမန်လင်တိုက်နယ်စည်းရုံးရေးမှူး၊
(၂)တပ်ကြပ်အဆင့်လဘောက် KIA ၊ရင်း(၁၇)
(၃)တပ်သားအဆင့် လဂမ်၊ KIA ရင်း(၁၇)
(၄)တပ်သားအဆင့် တိန့်ဆောင် 
KIA ရင်း(၁၇) တို့မှာ ကချင်သောင်းကျန်းသူအဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း စစ်ဆေး သိရှိရသဖြင့် သိန်းနီမြို့နယ်၊ မြို့မရဲစခန်းသို့ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီတွင် လွှဲပြောင်းပေးခဲ့ကြောင်း၊ ကျန်ရွာသား ၉ ဦးအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကွမ်းလုံမြို့တွင် ရပ်မိရပ်ဖများ၊မိဘအုပ်ထိန်းသူများနှင့် အသိသက်သေများရှေ့မှောက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း သတင်းရရှိသည်။

စိုင်းကံဝင်း(သိန်းနီ)
 

No comments:

Post a Comment