Wednesday, April 10, 2013

TNLA (ပလောင်)မှ နမ့်ဆန်မြို့နယ် အတွင်းကျေးရွာ ကားပိုင်ရှင်များထံမှ ဆက်ကြေးငွေကောက်ခံ


10Apirl 2013


အေပြီလ(၈)ရက်နေ့က နမ့်ဆန်မြို့နယ်၊ ဇယန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးသည် မိသားစုနှင့်အတူ အိမ်၌နေစဉ်လူငယ်တစ်ဦးသည်ဆိုင်ကယ်နှင့်ရောက်ရှိလာပြီး၎င်း၏ဆရာဖြစ်သူနှင့်တွေဆုံရန်လာရောက်ပြော
သဖြင့် ရပ်ရွာကိစ္စဟု   ထင်မှတ်ပြီးလိုက်ပါသွားခဲ့ရာယူနီးဖောင်အစိမ်းရောင်ဝတ်(၁)ယောက်၊  ပြောက်ကျား ၀တ်ဆင်ထားသူ(၁)ယောက်အရပ်ဝတ်ဝတ်ဆင်ထားသည့်ပလောင်(၃)ယောက်နှင့်တွေ့ဆုံခဲ့ရာကယားလန်း    ကျေးရွာ   အုပ်ချုပ်ရေးမှူးပါရောက်ရှိနေပြီးပြောက်ကျားဝတ်ဆင်ထားသည့်ခေါင်းဆောင်မှကျေးရွာများရှိ ယာဉ်ပိုင်ရှင်များ ထံမှမှန်လုံ (၆)သိန်း၊  သရီးကရောင်း(၆)သိန်း၊လေးလုံးထိုး(၅)သိန်း ၊ထော်လာဂျီ(၂) သိန်း   ကောက်ခံပေးရမည်ပြောကြောင်း သတင်းရရှိပါသည်။
TNLA(ပလောင်)များသည်နမ့်ဆန်မြို့ အနီးတ၀ိုက်ကျေးရွာများမှ ဆက်ကြေးကောက်ခံရရှိရေးဆာင်ရွက် လျက်ရှိကြောင်း ဒေသခံများထံမှ သိရပါသည်။




No comments:

Post a Comment