Monday, April 1, 2013

ပြောင်းဖူးနှင့် နှလုံးရောဂါ


2 Apirl 2013


ပြောင်းဖူးစားသုံးခြင်းသည်နှလုံးကျန်းမာရေးကိုအထောက်အကူဖြစ်စေနိုင်သည်ဟုကနေဒါဆေးသိပ္ပံပညာရှင် များ၏သုတေသနပြုချက်တွင်ဖော်ပြထားသည်။ပြောင်းဖူးသည်ပူနွေးစိုစွတ်သောရာသီဥတုတွင်  ဖြစ်ထွန်းသော
အသီးအနှံတမျိုးဖြစ်သည်။ပြောင်းဖူးသည် ချိုသောအရာသာရှိသည့်အပြင်အနည်းငယ်ဖန်သော အရသာ လည်းရှိသည်။ ပြောင်းဖူးတွင်ဗီတာမင်ဘီ1၊ဗီတာမင်ဘီ5၊ဗီတာမင်စီ၊ ဖော့စရပ်စ်၊ မဂ္ဂနီစ်နှင့် အမျှင်ဓာတ်များ ပါဝင်သည်။ထို့အပြင်အမိုင်နိုအက်ဆစ်နှင့်အသားဓာတ်များလည်းပါဝင်သည်။ပြောင်းဖူးပုံမှန်စားသုံးပေးပါက   နှလုံးသွေးကြောများကိုသန်မာစေသည်။နှလုံးသွေးကြောစီးဆင်းမှုကိုအထောက်အကူပြုစေသည်။ထို့အပြင် အူမကြီးကင်ဆာရောဂါဖြစ်ပွားမှုကိုလည်းလျှော့ချနိုင်သည်ဟုအဆိုပါသုတေသနပြုချက်တွင်ဖော်ပြထားသည်။ ထို့ကြောင့်ပြောင်းဖူးစားသုံးခြင်းသည်နှလုံးရောဂါဖြစ်ပွားမှုကိုကာကွယ်ပေးနိုင်ရုံသာမကကင်ဆာ  ရောဂါ   ဖြစ်ပွားမှုကိုလည်း လျှော့ချပေးနိုင်သည်ဟု ကနေဒါဆေးသိပ္ပံ ပညာရှင်များက ပြောကြား ခဲ့သည်။


စိတ်ကူးပျော်ရာ

No comments:

Post a Comment