Wednesday, April 17, 2013

SSA (၀မ်ဟိုင်း)မှ ဘိန်းစိုက်ပျိုးသူများထံမှ ဘိန်းခွန် လိုက်လံကောက်ခံ


18Apirl 2013



တန်းယန်းမြို့လွယ်စေးကျေးရွာအုပ်စု၊ပန်မောင်ကျေးရွာအနီးတွင် ဘိမ်းစိမ်းများရောင်းဝယ်ဖောက်ကားနေသည့် ဦးဆမ်ဝူး (ဘ) ဦးလွယ်ရွက်တောင်း နှင့် မစန်းအင်(ဘ)ဦးဆမ်ဝူးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရပါသည်။

၎င်းတို့ထံမှရရှိသောဘိန်းစိမ်းများသည်ပါဖန်ကျေးရွာအနီးထွက်ရှိသော ဘိန်းခင်း(၃)ဧကမှ ထွက်ရှိသည့် ဘိမ်းစိမ်းများဖြစ်သည့်အပြင်ပါဖန်ကျေးရွာတွင်(၅)ရက်တစ်ကြိမ်ပြုလုပ်သောဈေးနေ့များတွင်အနီးပတ်ဝန်းကျင်မှထွက်ရှိသည့်ဘိန်းစိုက်ပျိုးသည့်ရွာသားများထံမှဝယ်ယူစုဆောင်းထားခြင်းဖြစ်ကြောင်းသိရပါသည်။ ၄င်းတို့ ပိုင်ဆိုင်သောဘိန်းစိမ်းများအားပါဖန်မြို့ဦးအိုက်ရီနေအိမ်တွင်အပ်နှံထားပြီးနမ့်လောင်းကျေးရွာဈေးနေ့များတွင်
တရုတ်(၁)ဦးလာရောက်ဝယ်ယူနေပြီးပါဖန်ကျေးရွာတွင်နယ်မြေအခြေအနေမကောင်းသောကြောင့်ပြောင်းရွှေ့ ရောင်းချရန်ခိုတုန်းကျေးရွာသို့ထွက်လာစဉ်လမ်းခရီးတွင်အဖမ်းခံရခြင်းဖြစ်ကြောင်းသိရသည်။ ဖေဖော်ဝါရီလ ဘိန်းခြစ်ပြီးချိန်တွင်SSA(၀မ်းဟိုင်း)အဖွဲ့ လက်နက်များကိုင်ဆောင်၍(၅)ဦးခန့်သည် ဘိန်းစိုက်ပျိုးအသက်မွေး သူများထံမှဘိန်းတစ်ဧကလျင် ဘိန်း(၁၅)ကျပ်သားလိုက်လံ ကောက်ယူ ခဲ့ကြောင်းသိရသည်။

သို့သော် ဧပြီလ(၈)ရက်နေ့တွင် အင်တာနက်သတင်းဌာနတစ်ခုတွင် တင်ထားသည့် SSA အနေဖြင့် ပထမဆုံး အကြိမ်မူးယစ်ဆေးဝါးများမီးရှိုးဖျက်ဆီးသည့်အခမ်းအနားပြုလုပ်ပြီးအခမ်းအနားမိန့်ခွန်းတွင် ``သျှမ်းပြည်သူ လူထုက လည်း ကျွန်တော်တို့နဲ့ လက်တွဲပြီး မူးယစ်ဆေးဝါး တိုက်ဖျက်ကြပါရန်´´ ဟုပြောကြားခဲ့သော မိန့်ခွန်းနှင့် နှင့် ပတ်သက်၍ လက်ရှိနယ်ပယ်တွင် မည်သို့ လုပ်ဆောင်နေသည်မှာ စဉ်းစားစရာပင် ……………

No comments:

Post a Comment