Wednesday, April 3, 2013

တရုတ်-မြန်မာ (၂)နိုင်ငံ မူးယစ်ဆေးဝါးနှိမ်နှင်းရေးအတွက် ပူးပေါင်းဆောင်ရွက်မှုကြောင့် လောက်ကိုင်မြို့ တွင် စိတ်ကြွရှုးသွပ်ဆေးပြား (၁၀၃၂၀၀)ပြား ဒေသတန်ဖိုး ကျပ်သိန်း(၁၅၄၈)သိန်းဖိုး ဖမ်းဆီးရမိ


3 Apirl 2013


တရုတ်နိုင်ငံမူးယစ်ဆေးဝါးနှိမ်နှင်းရေးအဖွဲ့မှလွန်ခဲ့သော(၆)လခန့်ကစိတ်ကြွရှုးသွပ်ဆေးပြား(၅၀၀၀) ပြားဖြင့် ဖမ်းဆီးထားခြင်းခံရသောတရာခံ ကျူးရှောက်ချန့် နေထိုင်သည့် လောက်ကိုင်မြို့ရှိ နေအိမ်အခန်း၌
စိတ်ကြွရှုးသွပ်ဆေးပြားများ ကျန်ရှိနေကြောင်းကို  ၄င်း၏သူငယ်ချင်းဖြစ်သူတရုတ်နိုင်ငံမှ  ကျူးရိစိန်(ဘ) ဦးကျူးလောက်ရန်၏ထွက်ဆိုချက်အရတရုတ်နိုင်ငံနမ်ဆန်မူးယစ်ဆေးဝါး နှိမ်နှင်းရေးအဖွဲ့နှင့် လောက်ကိုင်မြို့ မှရဲတပ်ဖွဲ့ဝင်များပူးပေါင်းသတင်းဖလှယ်ခဲ့ကြောင်းသိရသည်။

အဆိုပါသတင်းအရ လောက်ကိုင်ခရိုင်ရဲမှူးကြီး၊ မြို့နယ်ရဲမှူး၊ ကွမ်လုံမူးယစ်ကြီးကြပ်သူအရာရှိ၊ ကိုးကန့် ရဲတပ်ဖွဲ့ဝင်များ နှင့် သက်သေများပူးပေါင်း၍ ကျူးရှောက်ချန့် ငှားရမ်းနေထိုင်သည့် လောက်ကိုင်မြို့ ရပ်ကွက်(၂)ဖုန်းရှင်းလမ်းနေအိမ်အခန်း(၁၁)အားအိမ်အခန်းပိုင်ရှင်ဒေါ်လီရှောက်စန်းတို့နှင့်အတူ သော့ဖျက် ၀င်ရောက်ရှာဖွေခဲ့ရာ အခန်းတွင်းရှိ ကုတင်အောက်မှ အ၀ါရောင်ပီနံအိတ်အတွင်း WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား(၁၀၃၂၀၀)ပြားအလေးချိန်(၁၀ဒ၃၂)ကီလိုဂရမ်ကာလတန်ဖိုး ဒေသပေါက်ဈေးတစ်ပြားလျင်(၁၅၀၀)နှုန်းဖြင့် (၁၅၄၈)သိန်းကျပ်အား ရှာဖွေသိမ်းဆည်းခဲ့ကြောင်း သိရ ပါသည်။

No comments:

Post a Comment