လားရှိုးမြို့တွင်လေပြင်းတိုက်ခိုက်မှုကြောင့် ရပ်ကွက်(၁၀) နယ်မြေ(၄) ဘူတာလမ်း ၊ရန်အောင်မြင် ဘုရားအနီးRGစားသောက်ဆိုင်ရှေ့ရှိကျွဲပုတီးသစ်ပင်သည်11KVရုပ်သံလိုင်းနှင့်ရုံးကြီး(၂)ထပ်လိုင်းပေါ်သို့
ကျိုးကျခဲ့၍11KV နှစ်ထပ်လိုင်းကွန်ဂရစ်တိုင်(၉)တိုင်ကျိုးလဲကျပြီးလိုင်းကြိုးများပြတ်ကျသဖြင့်လားရှိုးမြို့တွင် ခေတ္တဓာတ်အားပြတ်တောက်ခဲ့ပြီးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှပြန်လည်ပြုပြင်မှုကြောင့် ညနေ (၄)နာရီတွင် ရပ်ကွက်(၉/၁၀/၁၁)တို့မှ လွဲ၍လျှပ်စစ်ဓာတ်အား ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိပြီးအထက်ပါ ရပ်ကွက် (၃)ခုအားလျှပ်စစ်မီးပြန်လည်ရရှိရေးအတွက်တာဝန်ရှိသူများနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ ၀န်ထမ်းများ ကြိုးပမ်းဆောင်ရွက်နေကြကြောင်း သိရှိရပါသည်။
No comments:
Post a Comment