2 Apirl2013
၂၀၁၂ မေလက မသူဇာဝင်းသည် တရုတ်နိုင်ငံ ရွှေလီ/ ကျယ်ဂေါင်မြို့၌ အလုပ်လုပ်ရန် ရွာမှာတစ်ဦးတည်း ထွက်လာခဲ့ပြီးရွှေလီမြို့ထမင်းဆိုင်တစ်ဆိုင်တွင်(၄)လခန့်ဝင်ရောက်လုပ်ကိုင်ခဲ့သည်။တရုတ်စကားအနည်း
ငယ်တတ်ကျွမ်းလာသဖြင့်တရုတ်နိုင်ငံအတွင်းပိုင်းသို့ အခြားအလုပ်အကိုင်ရှာဖွေရန်ထွက်ခွာခဲ့ရာစိချွမ်း ပြည်နယ်ထုံရှန့်မြို့ရှိအထည်ချုပ်စက်ရုံတွင်တစ်လလျှင်ယွမ်(၁၂၀၀)ဖြင့်အလုပ်လုပ်ကိုင်နေစဉ်တရုတ်ရဲများမှ အထည်ချုပ်စက်ရုံအတွင်းရှောင်တခင်ဝင်ရောက်စစ်ဆေးရာမြန်မာနိုင်ငံသားဖြစ်ကြောင်းသိရှိသဖြင့်ဖမ်းဆီးခံရ ပြီး(၁)လခန့်ထိန်းသိမ်းထားစဉ်မေးမြန်းစိစစ်ရာမသူဇာဝင်းသည်တရုတ်နိုင်ငံသို့အလုပ်လုပ်ကိုင်ရန်သွားရောက် ခဲ့သူဖြစ်ပြီး လူကုန်ကူးခံရသူမဟုတ်ကြောင်းယခုမိမိ၏နေရပ်သို့ပြန်လိုကြောင်း တင်ပြသဖြင့်မူဆယ်လူကုန် ကူးမှုတားဆီးနှိမ်နှင်းရေးအထူးအဖွဲ့မှ ၄င်းမိဘများနှင့်ဆက်သွယ်၍နေရပ်သို့ပြန်လည်စေလွှတ်ရန် စီစဉ် ဆောင်ရွက်နေကြောင်း သိရပါသည်။
No comments:
Post a Comment