26 Apirl 2013
သီပေါမြို့နယ်၊ လောခွန်အုပ်စု၊ မူးလေးရွာနေ စိုင်းစံအောင်(၂၂)နှစ်သည် လွယ်ရောင်းတောင်မှ ထင်း အဖြစ်အသုံးပြုရန် သယ်ဆောင်လာသောထင်းတုံးများအားမတ်လ(၃၁)ရက်နေ့ညနေ(၅)နာရီခွဲတွင် ခွဲစိတ်ရန်ဆောင်ရွက်စဉ် လုံးပတ်(၂)ပေ၊အရှည်(၅)ပေခန့်ရှိအခေါင်းပါအင်ကြင်းသား ထင်းတုံး အတွင်း ဥာဏ်တော်အမြင့် ပလ္လင်အပါအ၀င် (၁.၅)လက်မခန့် ကြာပုလ္လင်အလျား(၁)လက်ခန့်၊ရင်ဘတ်တော်တွင်
စင်္ကြာပုံပါရှိပြီး လာဘမုနိပုံသဏ္ဍာန် ထုံးကျောက်ပလာစတာပုံလောင်း(POP) ရုပ်ပွားတော် ရွှေရောင်(၁)ဆူအားတွေ့ရှိသဖြင့် နေအိမ်ဘုရားစင်၌ ကိုးကွယ်ပူဇော်ခဲ့ရာပတ်ဝန်းကျင်မှလူများ လာရောက် ဖူးမြော်ကြ သဖြင့် နေအိမ်ဝင်းအတွင်း ယာယီကျောင်းဆောင် ဆောက်လုပ်၍ပူဇော်ခံခဲ့ကြောင်း ဦးစိုင်းစံအောင် အနေဖြင့်ကျောင်းဆောင်သစ်ဆောက်လုပ်ကာ ဆက်လက်ကိုးကွယ် ပူဇော်မည်ဖြစ်ကြောင်းနှင့် အဆိုပါ ရုပ်ပွားတော်အားသီပေါမြို့နှင့်ကျောက်မဲမှဗုဒ္ဓဘာသာဝင်နေ့စဉ်(၁၀၀)ကျော်လာရောက်ဖူးမျှော် ကြကြောင်း သိရပါသည်။
No comments:
Post a Comment