ညားခါစ လင်မယား နှစ်ဦး အိမ်သစ်ကို ပြောင်းနေပါတယ်။ မနက် စာ စားတိုင်း ဘေးအိမ် (အိမ်နီးချင်း) က အဝတ်ထွက်လှမ်းတာကို ပြတင်းပေါက်ကနေ အမြဲလှမ်းမြင်ရပါတယ်။ သူတို့ အဝတ် လှမ်းတာကို မြင်တိုင်း မယားဖြစ်သူကသူ့အမျိုးသားကိုအောက်ပါအတိုင်းရေရွတ်ပြောဆိုလေ့ရှိပါတယ်။
"သူတို့အဝတ်လျှော်တာတစ်ထည်မှမသန့်ရှင်းဘူး။ဆပ်ပြာကောင်းကောင်း၊ရေကောင်းကောင်းသုံးဖို့လိုတယ်"
ယောင်္ကျားဖြစ်သူကတော့ဘာမှ ပြန်မပြောပဲသူစားစရာရှိတာကိုသာစားပါတယ်။ဒီလိုနဲ့တစ်လလုံး ဘေးအိမ်က လှမ်းတဲ့အဝတ်ကိုမနက်တိုင်းမြင်ပြီး အဝတ်စင်အောင်မလျှော်တတ်တာကို ပဲကြုံရင်ကြုံသလိုစကားထဲ ထည့်ပြောနေခဲ့မိပါတယ်။တစ်ရက်ကျနော့ထမင်းစားရင်းပြတင်းပေါက်ကနေလှမ်းကြည့်တော့ အိမ်နီးချင်းက အဝတ်တွေသန့်ရှင်း အောင်လျှော်ဖွတ်ထားတာကိုမယားဖြစ်သူကမြင်တွေ့လိုက်ရပါတယ်။ ဒီတော့ အံ့သြ စွာနဲ့ပဲသူ့အမျိုးသားကိုယခုလိုပြောပါတယ်။"ဟိုမှာတွေ့လား၊အဝတ်တွေသန့်သွားပြီ။အဝတ်သန့်အောင် လျှော် နည်းကိုဘယ်သူသင်ပေးလိုက်လဲမသိဘူး။အရင်ကလိုမညစ်ပတ်တော့ဘူးပဲ"ဒီတော့အမျိုးသားကအောက်ပါ အတိုင်းပြန်ပြောပါတယ်။"အေးသန့်နေမှာမှာပေါ။
တစ်လလုံးညစ်ပတ်နေတဲ့ပြတန်းပေါက်မှန်ကိုငါမနေ့ညနေကပဲသန့်ရှင်းရေးလုပ်ထားတာ"
သင်ခန်းစာ - လူတွေဟာတစ်ခါတစ်ရံမှာကိုယ့်အမှားထပ်သူများအမှားကိုပိုမြင်ပြီးထောက်ပြချင်ကြပါတယ်။
အကြောင်းကိစ္စတစ်ခုကိုဝေဖန်ထောက်ပြဖို့ဆုံးဖြတ်လိုက်တိုင်းမိမိဘက်ကအမှားမရှိအောင်အရင်ဆုံးဆင်ခြင် ရမှာပဲ ဖြစ်ပါတယ်။
International news for myanmar
No comments:
Post a Comment