Sunday, January 18, 2015

SSA (၀မ်ဟိုင်း)အဖွဲ့မှ ဆက်ကြေးကောက်ခံရန် ရွာသားများအား ခေါ်ယူအစည်းအဝေးလုပ်


18 Jan 2015

 











ရှမ်းပြည်နယ်မြောက်ပိုင်း ၊သီပေါမြို့နယ်၊ စံပိတ်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ဇန်န၀ါရီလ ၁၂ ရက်နေ့၌ SSA(၀မ်ဟိုင်း)အဖွဲ့၏ ဆက်ကြေးတာဝန်ခံဖြစ်သူ ဦးရွှေခမ်းက အုပ်ချုပ်ရေးမှူးး အပါအ၀င် ကျေးရွာမှလုပ်ငန်းရှင်များ၊ ရွာသူ/ရွာသားများ အင်အား ၃၀ ဦးခန့်အား ခေါ်ယူတွေ့ဆုံ အစည်း အဝေး ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

၎င်းအစည်းအဝေးတွင် ဦးရွှေခမ်းက SSA(၀မ်ဟိုင်း)အဖွဲ့အတွက် လူသစ် ၂ ဦးနှင့် ဆက်ကြေးငွေဆန်(၅၀)
အိတ်ပေး ဆောင်ရန် ပြောကြားခဲ့ရာ အုပ်ချုပ်ရေးမှူးက ရွာမှာလူသစ်ပေးရန်အဆင်မပြေသဖြင့် လူသစ် (၂)ယောက် အစား ငွေ (၂၅) သိန်းကျပ် နှင့် ဆန်(၅၀)အိတ်အစား ငွေ (၂၅)သိန်းကျပ် စုစုပေါင်း သိန်း ၅၀ ကျပ်ခွင့်ပြုပေးရန် ညှိနှိုင်းခဲ့ရာ သဘောတူခဲ့ကြောင်း သိရှိရသည်။
 
ဆက်ကြေးငွေသွင်းရန် အုပ်ချုပ်ရေးမှူးမှ ဇန် ၁၅ ရက်နေ့တွင် ကျေးရွာအတွင်းရှိ ရာအိမ်မှူးများအပါအ၀င် ရွာသူ/သား ၁၅၀ ဦးတို့ဖြင့် အစည်းအဝေးပြုလုပ်ခဲ့သည်။ အစည်းအဝေးမှာ အုပ်ချုပ်ရေးမှူးက SSA(၀မ်ဟိုင်း) အဖွဲ့ ထံ ကျပ်သိန်း ၅၀ ပေးဆောင်ရန် ရွာရှိ ပရိဘောဂ၊ သဲ၊ ထုံး၊ ကျောက်၊ ကြက်ခြံ၊ ဆီဆိုင်လုပ်ငန်းရှင်များမှ အချိုးကျတည့်သွင်းသော်လည်း ငွေမပြည့်သေးသဖြင့် ရွာသူ/သားများမှ အိမ်ထောင်စုတစ်စုလျင် တစ်သောင်း ကျပ်အား ဇန် ၂၀ ရက်နေ့အရောက် ၄င်းထံပေး သွင်းရန် ပြောကြားခဲ့ကြောင်းသိရှိရသည်။

SSA(၀မ်ဟိုင်း)က ဒီလိုအစည်းအဝေးတွေကို အရင်ကလည်းမကြာခဏ လာလာလုပ်တယ်၊ ဒီရွာမှာမှ မဟုတ်ဘူးအခြား ရွာတွေမှာလည်း လုပ်တာတွေကြားဖူးတယ်၊  SSA(၀မ်ဟိုင်း)အဖွဲ့က သူ့ကို   ဆက်ကြေးကောက်ဖို့    တာဝန်ပေး ထားတဲ့သူလို့ ပြောတာဘဲ ရွာမှာလဲ အချို့ငယ်ရွယ်သူတွေက အဲလိုလူသစ်ခေါ်ခံရမှာကြောက်လို့ မြို့ပေါ်တက်ပြီး   အလုပ်လုပ်ကြ တာတွေရှိတယ်ဟု ၄င်းရွာသား တစ်ဦး၏ ပြောပြချက်အရသိရသည်။

ဒေသခံမျာ၏ ပြောပြချက်များအရ SSA(၀မ်ဟိုင်း)အဖွဲ့သည် ထိုကဲ့သို့ ဆက်ကြေးတောင်းရန် ၊လူသစ်   တောင်းရန်အစည်းအဝေးများမကြာခဏ ပြုလုပ်လေ့ရှိကြောင်း၊မူးယစ်ဆေးဝါးအကြောင်းပြ၍ ငွေတောင်းခြင်း၊ လူဖမ်းခြင်း၊ ကျေနပ်မှုမရှိပါကသတ်ဖြတ်ခြင်းစသည့်ဥပဒေမဲ့လုပ်ရပ်များ ပြုလုပ်လေ့ရှိကြောင်း ကျေးရွာများတွင်လည်း ၄င်းတို့အလိုကျ အုပ်ချုပ်ရေးမှူးများ၊သူကြီးများလည်းရှိကြောင်း သိရှိရပါသည်။

စိုင်းရီဆာ

No comments:

Post a Comment