၂၀၁၅ ဇန် ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)နမ့်ခမ်းမြို့၊ရပ်ကွက်(၁၄)၊အောင်မေတ္တာရပ်ကွက်ရှိ ဂျော်(၁)ကယ်ဆယ်ရေးစခန်း တွင် ခိုလှုံနေလျှက်ရှိသည့် ကချင်ပြည်နယ်၊မန်င်္စမြို့နယ်၊ခပ္ပရာကျေးရွာနေ ဦးဒွဲရော်(၃၉)နှစ်နှင့် ၄င်း၏ဇနီး ဒေါ်ခေါန်နူး (၃၈)နှစ်တို့သည် လွန်ခဲ့သော တစ်ပတ်ကျော်ခန့်က ခပ္ပရာကျေးရွာကို သွားရောက်ခဲ့ပြီး ရွာအနီးရှိ တောတွင် သစ်ခွပန်းများရှာဖွေစဉ် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ နံနက် ၁၀၃၀ နာရီတွင် မိုင်းနင်းမိ ပေါက်ကွဲခဲ့ပြီး ၄င်းပေါက်ကွဲမှုကြောင့်
ဦးဒွဲရော်၏ ၀ဲဘက်ခြေသလုံးနှင့် ပေါင်ရင်းတွင် မိုင်းစထိမှန်ဒဏ်ရာနှင့် ဒေါ်ခေါန်နူး၏ ၀ဲဘက်ခြေသလုံး၊၀ဲဘက်ပေါင်၊၀ဲဘက်မျက်နှာပြင်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပါ သည်။၎င်းတို့ ၂ ဦးသည် ဇန်န၀ါရီလ ၂၁ ရက်နေ့ ညနေ ၃ နာရီတွင် နမ့်ခမ်းမြို့၊ပြည်သူ့ဆေးရုံတွင်တက်ရောက် ဆေးကုသမှုခံယူလျှက် ရှိကြောင်း သိရှိရပါသည်။
အဆိုပါဖြစ်စဉ်ကြောင့်ဒေသခံပြည်သူများအနေဖြင့် ၄င်းတို့လုပ်ကိုင်စားသောက်နေသည့် တောထဲ သွားရမှာပင် ကြောက်ရွံ့လျှက်ရှိနေပြီး ကေအိုင်အေ အဖွဲ့၏မိုင်းထောင်ထားမှုကြောင့် ယခုလိုဖြစ် ရကြောင်း ဒေသခံရွာသား တစ်ဦးမှ ပြောပါသည်။
``ကေအိုင်အေအဖွဲ့က ငြိမ်းချမ်းရေးယူချင်တယ်လည်းပြောတယ် ပြီးတော့သေနတ်ကိုင်ပြီး ဥပဒေမဲ့ လုပ်ရပ်တွေလုပ်နေတယ်၊ဒီနေရာကိုသူတို့ကလွဲပြီး ဘယ်သူမှ မိုင်းလာမထောင်ဘူး ၊ခုသူတို့လုပ်လို့ ကျနော်တို့ အပြစ်မဲ့ ဒေသခံတွေ မိုင်းထိတယ်၊ဖြစ်လာတော့ သူတို့ကတာဝန်ယူပေးတာမရှိဘူး၊ကျနော်တို့ ဒေသခံတွေပဲ ဘ၀ဆုံးရှုံးရတာ၊အခုလိုဖြစ်တော့ ကိုယ့်တောင်ယာကိုတောင်မသွားရဲအောင် ဖြစ်နေရတယ်´´ဟုပြောပါသည်။
နော်အောင်(နမ့်ခမ်း)
No comments:
Post a Comment