၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်ခန့်တွင်
နောင်ချိုမြို့ အ၀င် အေးရှားဝေါလ် တိုးဂိတ် အနီး၌ ပူးပေါင်းအဖွဲ့ဖြင့်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်စဉ် လားရှိုးမှ
မန္တလေးဘက်သို့ ယာဉ်ဖြင့် မောင်းနှင်လာသည့် ကျောက်မဲမြို့နယ်၊
မိုင်းငေါ့ကျေးရွာနေ KNU/NDA အဖွဲ့မှ
မူဆယ်စီးပွားရေး တာဝန်ခံ ဗိုလ်အဆင့် ရှိ စောလှဌေး (ခ) စိုင်းလှဌေး (၄၅)နှစ်၊ (ဘ) ဦးလှမောင် ၁၃/ကမန(နိုင်) ၀၅၄၈၁၂ အား စစ်ဆေးရှာဖွေရာ ခရီးဆောင်အိတ်အတွင်းမှ တူမီးသေနတ် ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ AK-47 လှံစွပ် (အရိုးသွား ၁၀ လက်မခန့်) ၁ ချောင်းနှင့် WY စာတန်းပါ လိမ္မော်ရောင် စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇ ပြား၊ အလေးချိန် ၁ ဒ ၇ ဂရမ်ခန့် တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်းနှင့် နောင်ချိုမြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သတင်း ရရှိပါသည်။
မင်းမင်း(နောင်ချို)

No comments:
Post a Comment