Saturday, January 24, 2015

ကေအိုင်အေ(ကချင်)အဖွဲ့၏ လူသစ်စုဆောင်းခြင်းခံရသူများအား တပ်မတော်မှ လိုက်လံကယ်ဆယ်ရာမှ တိုက်ပွဲဖြစ်ပွား

2015 Jan 24












  ကေအိုင်အေ(ကချင်)အဖွဲ့) မှ ရက်စက်စွာပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် မောင်လနန် ဓါတ်ပုံ


 ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၂ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့် တွင် တပ်မတော်မှ မှ တာမိုးညဲနှင့် ကွတ်ခိုင်ကြား လမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေစဉ် လွန်ခဲ့သော ၃ ရက်ခန့်က ကေအိုင်အေ (ကချင်)အဖွဲ့၏ အဓမ္မလူသစ်စုဆောင်းခြင်းခံရသူ ကွတ်ခိုင်မြို့နယ် မော်ဟန်ကျေးရွာ ရပ်ကွက် (၄)မှ မောင်လနန် (၂၀)နှစ် (ဘ) ဦးဖောင်မွန် နှင့် မောင်နောင်ဂျာ (၁၆)နှစ် (ဘ) ဦးဗျန်လှ တို့သည် ပွိုင့်-၁၅၃၆ တောင်ကုန်းဘက်မှ ထွက်ပြေးလာသည်ကိုတွေ့၍ လိုက်လံကယ်ဆယ်ရာ
ကေအိုင်အေ(ကချင်) အဖွဲ့အင်အား ၃၀ ဦးခန့်မှ ၄၀ မမ၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက် သဖြင့် ပြန်လည် တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီ ၁၀ မိနစ်တွင် ကေအိုင်အေ(ကချင်)အဖွဲ့များ အနောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပါသည်။

 မောင်လနန်မှာ ကေအိုင်အေ(ကချင်)အဖွဲ့မှရက်စက်စွာ ပစ်ခတ်သောကျည်ဆံ ထိမှန်သေဆုံး ခဲ့ပြီး မောင်နောင်ဂျာမှာ ထိခိုက် ဒဏ်ရာရခြင်းမရှိကြောင်း သိရှိရပါသည်။မောင်နောင်ဂျာ သည် ကေအိုင်အေအဖွဲ့မှ အသက်မပြည့်ဘဲစုဆောင်းခြင်း ခံရသူဖြစ်ပြီး ၄င်းတို့အဖွဲ့နှင့်အတူ      လိုက်ပါပြီး အရွယ်နှင့်မလိုက်အောင် ညှင်းပန်းနှိပ်စက် စေခိုင်းမှုများ ပြုလုပ်ကြောင်း၊ တိုက်ပွဲဖြစ်ပွား   ချိန်တွင် ၄င်းတို့ ၂ ဦးမှာ ကေအိုင်အေအဖွဲ့မှ လွတ်မြောက်ရန်ထွက်ပြေးခဲ့ကြောင်း၊၄င်းတို့ ၂ ဦး ထွက်ပြေးသည်ကို မြင်သဖြင့် ကေအိုင်အေအဖွဲ့မှ ပစ်ခတ်ဖမ်းဆီးရာတွင် မောင်လနန်သေဆုံးခဲ့ပြီး ၄င်းမှာလွတ်မြောက်လာကြောင်း၊လွန်ခဲ့သည့် ၃ ရက်ခန့်က မော်ဟန်ရွာသို့လာရောက်စဉ် အတင်းအကြပ် စုဆောင်ခြင်းခံရသော  မောင်နောင်ဂျာ ပြောကြားချက်အရ သိရှိရပါသည်။
 

No comments:

Post a Comment