Saturday, January 24, 2015
ကချင်အမျိုးသမီး ဆရာမ ၂ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ စုံစမ်းရရှိချက်များ
2014 ဇန် ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ်မြို့နယ် ကြူကုတ်မြို့နယ်ခွဲ၊ နမ့်တောင်းကျေးရွာနှင့် မုံးပေါ်ကျေးရွာကြား ရှိ ကောင်းခါးကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း နေထိုင်သော စေတနာ့ ၀န်ထမ်းကျောင်း ဆရာမ ၂ ဦးသည် ဇန်န၀ါရီလ ၁၉ ရက်နေ့၌ သတ်ဖြတ်ခံရမှုတွင် အွန်လိုင်းပေါ်၌ စွပ်စွဲရေးသားနေသော တပ်မတော်သားများ ပါဝင်သည့်သတင်းမှာ   မဟုတ် မမှန်နိုင်ကြောင်း ယင်းဒေသခံများမှ ယူဆလျက် ရှိကြသည်။
          အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကြူကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ကျော်၊ မြို့နယ်ရဲစခန်းမှူး ရဲအုပ် ဇော်မင်းထွဋ်၊  မူဆယ်ကချင်နှစ်ခြင်းအသင်းမှ   ဓမ္မဆရာ ဦးနော်တောင်၊ မုံးပေါ်ပြည်သူ့စစ် အဖွဲ့နှင့် မုံးပေါ်ကျေးရွာ ဆယ်အိမ်ခေါင်း ဦးမာလ တို့ပါဝင်လျက် ဇန်န၀ါရီလ ၂၀ရက်နေ့ တွင် မြေပြင်သွားရောက်စစ်ဆေး ခဲ့ကြောင်း ယင်းဒေသခံတွေမှ သိရှိရပါသည်။
အခင်းဖြစ်သည့်ညတွင် ဆယ်အိမ်မှူးးဦးမာလ နေအိမ်၌ ၄င်းသားမွေးနေ့ဆုတောင်းပွဲသို့ သွားရောက်ခဲ့ကြောင်း၊ ည ၁၀ နာရီခွဲတွင် ၄င်းအိမ်မှ ပြန်လာခဲ့ကြောင်း၊ သေဆုံးသူဆရာမ(၂)ဦး၏နေအိမ်သို့ လူသတ်တရားခံသည် ရွာတွင်လမ်းအသုံးမပြုဘဲ ခြံဝန်းမရှိသော ဘုရားကျောင်း ၏အနောက်ဘက်လမ်းကိုသ အသုံးပြု၍ ၀င်ရောက်လာသည့်အတွက် ၄င်းလူသတ်တရားခံသည် နဂို ကတည်းကသေဆုံးသူ ဆရာမ(၂)ဦးနှင့် ရင်းနှီးမှုရှိနိုင်ကြောင်း၊ တရားခံအနေဖြင့်ဆရာမနေအိမ်အတွင်းသို့ လွယ်လင့် တကူ ၀င်ရောက် လာပြီး သေဆုံးသူ ဆရာမ(၂)ဦးနှင့် ရင်းနှီးမှုရှိသောကြောင့် အော်ဟစ်အကူအညီတောင်းခံမှုမရှိဘဲ လူမှုရေးပြဿနာတစ်စုံတစ်ရာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ရာမှ လူသတ်မှု ကျူးးလွန်နိုင်ကြောင်း   သေဆုံးသူဆရာမ (၂)ဦး၏လက်တွင် ဆံပင်အရှည်တစ်ထွာကျော်ခန့်အား ဆုပ်လျက်အနေ အထားဖြင့် တွေ့ရှိရပြီး သေဆုံးသူ၏အနီး တွင် တွေ့ရှိရသော ဓါးမှာ နေအိမ်မှ ဓါးဖြစ်သည့်အတွက် ၄င်းတို့၏ ပြစ်မှုကျူးးလွန်သူနှင့် လုံးထွေးသတ်ပုတ်ချိန်၌ အော်ဟစ်နိုင်သည့် အခွင့်အလမ်းရှိသော်လည်း အိမ်နီးချင်းများ၏ ပြောဆိုချက်အရ အော်ဟစ်အကူအညီတောင်းခံ သည့်အသံမကြားရကြောင်း၊ သေဆုံးသူ ဆရာမ(၂)ဦး၏လက်ကိုင်ဖုန်းတွင် နောက်ဆုံးဆက်သွယ်ထားသော ဖုန်းနံပါတ်များအား စစ်ဆေးခဲ့ရာ မာဂွမ်း(ခ)ဖော်ယူဂွမ်းဆိုသူနှင့် (၃)ကြိမ်ဆက်သွယ်ထားကြောင်း၊ မာဂွမ်း ဆိုသူသည် သေဆုံးသူဆရာမ(၂)ဦးနေအိမ်၏အနောက်တောင်ဘက် ၅ ဖာလုံခန့်အကွာရှိ တောင်ကုန်းပေါ်တွင်နေထိုင်ကြောင်း သိရှိရသဖြင့်  မာဂွမ်း ဆိုသူအား စစ်ဆေးမှုများဆောင်ရွက်ရန် သွားရောက်ရှာဖွေသော်လည်း မာဂွမ်းဆိုသူသည် စစ်ဆေးမခံဘဲ ရှောင်တိမ်းနေကြောင်း သိရှိရပါသည်။
          သေဆုံးသူဆရာမ(၂)ဦး၏နေအိမ်အား စစ်ဆေးကြည့်ရာ အိမ်တံခါးမှာ အကောင်းကြီးရှိနေကြောင်း၊ တံခါး မှာ အတွင်းကနေ ကလန့်နဲ့ပတ်ထားရသည့်တံခါးဖြစ်သည့်အတွက် အထဲက ဖွင့်ပေးမှ ရတဲ့တံခါးဖြစ်သည့်အတွက် သေဆုံးသူနှင့် ရင်းနှီးပြီးသားလူ ဖြစ်သည့်အတွက် အလွယ်တကူ ၀င်ရောက်နိုင်ကြောင်း၊ တပ်မတော်သားတွေသာ အဖွဲ့လိုက်လာရင် တံခါးအား ရိုက်ဖွင့် ရမည်ဖြစ်ကြောင်း၊ တပ်မတော်သား ဖြစ်ပါက အော်ဟစ်အကူအညီတောင်း ခံနိုင်ကြောင်း၊ ဒါကြောင့် တပ်မတော်သားများ မဖြစ်နိုင်ကြောင်း မုံးပေါ်ပြည်သူ့စစ်အဖွဲ့မှ ဦးအောင်ဂျာက ရှင်းလင်း ပြောကြားခဲ့ပါသည်။
          သေဆုံးသူဆရာမ(၂)ဦး၏လက်တွင် တွေ့ရှိရသော ဆံပင်အရှည်တစ်ထွာကျော်လောက်ရှိသည့် အတွက် ရွာထဲသို့ မကြာသေးသည့်ရက်မှ ရောက်လာသည့် တပ်မတော်သားစစ်သည်များ၏ ဆံပင်များက အတိုတွေဖြစ်ပြီး ၃ လက်မ ခန့်သည် ရှိသည့်အတွက် မည်သို့မျှ တပ်မတော်သားမဖြစ်နိုင်ကြောင်း၊ မိမိတို့ရဲတပ်ဖွဲ့ဝင်များမှလည်း အမှုမှန် မပေါ်မချင်း ဆက်လက်နေထိုင်စစ်ဆေး သွား မည်ဖြစ်ကြောင်း၊ သေဆုံးသူထံမှ ရရှိထားသည့် ဆံပင်များကို လည်း DNAစစ်ဆေးပြီးပါက တရားခံအား ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း မြို့နယ်ရဲစခန်းမှူးမှ ပြောကြားထားပါသည်။
စိုင်းမင်း
No comments:
Post a Comment