Thursday, January 22, 2015

ကျောက်မဲမြို့နယ်၊ကုန်းညောင်ကျေးရွာအနီး မီးရှိုးအသတ်ခံထားရသည့် လူသေအလောင်းတစ်လောင်းတွေ့ရှိ



20 Jan 2015








ဇန်န၀ါရီလ၁၃ရက်နေ့ နေ့လည်၁၂နာရီခန့်တွင် ကျောက်မဲမြို့နယ်၊မော်မာကျေးရွာအုပ်စု၊ကုန်းညောင်ရွာအနီး တောအတွင်း ၀ါးရုံခြေရင်း၌  မီးလောင်၍သေဆုံး နေသော အလောင်းတစ်လောင်း တွေ့ရှိထားကြောင်း သတင်းအရ နောင်ပိန်နယ်မြေရဲစခန်းမှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရာနေရာသို့ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အမည်မသိ အမျိုးသားအလောင်းတစ်လောင်း မီးလောင်ကျွမ်းသေဆုံးနေသည်ကို တွေ့ရှိသဖြင့် ကျောက်မဲမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအလောင်းနှင့်ပတ်သက်၍
ကုန်းညောင်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများသို့ စုံစမ်းမှုပြုလုပ်ခဲ့ရာ ကျောက်မဲမြို့နယ်၊   ဟဲကွီကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးဆန်ရွက်သည် ၂၀၁၅ ဇန်န၀ါရီလ ၈ ရက်နေ့မှစ၍ ကျေးရွာမှ ရုတ်တရက်  ပျောက်ဆုံးသွားကြောင်း   သိရှိရသဖြင့်   ဦးဆန်ရွက်၏  ဆွေမျိုးသားချင်းများအား ဆက်သွယ် ခေါ်ယူ ပြသရာ ဦးဆန်ရွက်၏ အလောင်းဖြစ်ကြောင်း ပြောကြား၍  ဇန် ၁၄ ရက်နေ့တွင် ကျောက်မဲပြည်သူ့ ဆေးရုံကြီးမှ အလောင်းအား ယူဆောင်သဂြိုလ်ခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ဦးဆန်ရွက်အသတ်ခံရမှုသည် SSA(ရွက်ဆစ်) အဖွဲ့နှင့်ပတ်သက်ဆက်နွယ်ကြောင်း၊ SSA(ရွက်ဆစ်)အဖွဲ့သည်ဦးဆန်ရွက် ကျေးရွာမှမပျောက်ဆုံးခင်ရက်များတွင်၎င်းအိမ်သို့ဝင်/ထွက်မှုများ တွေရှိရကြောင်း၊၄င်းတို့အဖွဲ့သည်ယခင်လများတွင်လည်း ကျေးရွာသို့မကြာခဏလာရောက်၍လူသစ်စုဆောင်းခြင်း၊ဆက်ကြေးကောက်ခြင်း၊ရိက္ခာဆန်များတောင်းခြင်း ပြုလုပ်လေ့ရှိပြီး ၄င်းတို့မကျေနပ်သူများအား အကြောင်း အမျိုးမျိုးပြ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်တတ်ကြောင်း၊ ယခုအကြိမ်တွင်လည်းဦးဆန်ရွက်အပေါ် ကျေနပ်မှုမရှိ၍ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံ ရွာသားများ၏ ပြောပြချက်အရ သိရှိရသည်။
SSA(ရွက်ဆစ်) အဖွဲ့သည် ထိုကဲ့သို့ ဥပဒေမဲ့လုပ်ရပ်များ မကြာခဏ လုပ်ဆောင်လေ့ရှိပြီး ၄င်းလုပ်ရပ်များကြောင့်ဒေသခံပြည်သူများ၏အသက်အန္တရာယ်အားခြိမ်းခြောက်နေရုံသာမက ပြည်သူလူထုမှာ ကျီးလန့်စာစားဘ၀သို့ ရောက်ရှိနေရပါသည်။
စိုင်းရီဆာ


 

No comments:

Post a Comment