၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်
သျှမ်းပြည်မြောက်ပိုင်း၊နမ့်ခမ်းမြို့
မြို့အ၀င်မုဒ်ဦးအနီး
မူဆယ်-နမ့်ခမ်းကားလမ်းမကြီး၏ ယာဘက်တွင် ၂၀၁၅ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီ
၄၀ မိနစ်တွင် အသံမိုင်း
တစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မြေသားအကျယ် ၃ ပေပတ်လည်ခန့်၊ အနက်
၁ လက်မခွဲခန့် ကျင်းငယ်ဖြစ်ပေါ်ခဲ့ပြီး
လူ/တိရစ္ဆာန်များ ထိခိုက် ဒဏ်ရာရရှိမှု
မရှိကြောင်း၊၄င်းမိုင်းဖောက်ခွဲခြင်းသည် ကေအိုင်အေလက်နက်ကိုင်အဖွဲ့ အစည်းမှ
ဖောက်ခွဲခဲ့သည်ဟု ဒေသခံတစ်ဦး၏
ပြောကြားချက်အရ သိရှိရပါသည်။
၎င်းနယ်မြေတွင် ကေအိုင်အေ(ကချင်)
အဖွဲ့များအနေဖြင့် ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲခြင်း ဒေသခံပြည်သူများအား
လူသစ်စု ဆက်ကြေးကောက်ခံခြင်းများကြောင့် မြို့ခံလူထုအနေဖြင့် ကျီးလန့်စာစားဘဝ
သို့ရောက်ရှိနေရကြောင်း နမ့်ခမ်းမြို့မှ ဦးစိုင်းလူမှ ပြောကြားခဲ့ပါသည်။
No comments:
Post a Comment