၂၀၁၅ ဇန် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့အနီး သတ္ထုတွင်းဝန်ကြီးဌာနနှင့် ဖက်စပ်လုပ်ကိုင်နေသော UMG ကုမ္ပဏီ သို့ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီခန့်တွင် အသက် ၁၉ နှစ်ခန့်ရှိ လူငယ်တစ်ဦးမှာ အရပ်ဝတ်ဖြင့် မျက်နှာအား နှာခေါင်းစည်းအုပ်လျှက် မော်တော်ဆိုင်ကယ် ၁၁၀ အမျိုးအစား အနက်ရောင်ဖြင့် ရောက်ရှိလာပြီး ကုမ္ပဏီရှေ့ရှိ သတ္ထုတွင်းလုပ်သား ကိုရွှေနန်းအား မန်နေဂျာထံသို့ ပေးရန်ပြောကြားကာ စာတစ်စောင်ထားရှိသွားခဲ့ပါသည်။
၎င်းစာမှာရှမ်းဘာသာဖြင့်ရှမ်းပြည်နယ်ပြန်လည်တည်ဆောက်ရေးအဖွဲ့၊ပြည်တွင်းအုပ်ချုပ်မှုရုံးတပ်ရင်း(၃၇၉) အမည်ဖြင့် တစ်နှစ်စာကူညီငွေ (၂၀၅၀၀၀၀၀ိ/-) ကျပ်အား
၂၀၁၅ခုနှစ်ဇန်န၀ါရီလ၂၂ ရက်နေ့တွင် ပေးသွင်း ရန်အကြောင်းကြားသောစာဖြစ်ပြီး၊စာတွင်ပါရှိသောတံဆိပ်ခေါင်းမှာ
SSA(ရွက်ဆစ်)အဖွဲ့၏ တံဆိပ်ဖြစ်ကြောင်း သိရှိရပါသည်။´´ခုလိုဆက်ကြေးတောင်းမယ်ဆိုရင်လည်း ကျနော်တို့နဲ့ တွေ့ဆုံညှိနှိုင်းပြီး ဗြောင်ကျကျ တောင်းဖို့ကောင်းတာ ပေါ့ ၊ ခုတော့ခိုးကြောင်ခိုးဝှက်နဲ့သူတို့စိတ်ထဲရှိသလို လိုက်တောင်းနေတာ၊ သူတို့ကလက်နက်ကိုင်ထားတော့ လက်နက်အားကိုးနဲ့ သူတို့အဖွဲ့ကောင်းစားဖို့ကိုဘဲ လုပ်နေကြတယ်လေ၊ ရှမ်းပြည်တည်ထောင်ရေးဆိုပြီး သူတို့အဖွဲ့ကချမှတ်ထားတဲ့စည်းမျဉ်းမူဝါဒတွေနဲ့အညီ တောင်းတာလို့ ပြောတာဘဲ၊ အဲဒီစည်းမျဉ်း၊ စည်းကမ်း တွေကို ကိုယ်ထုတ်ချင်သလိုထုတ်ပြီး ဒေသခံတွေအပေါ် အနိုင်ကျင့်နေတာလို့ဘဲ ကျနော်တော့မြင်တယ်´´ ဟု ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။
SSA(ရွက်ဆစ်)အဖွဲ့အနေဖြင့်
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင်လည်း မူဆယ်မြို့ရှိ စက်သုံးဆီ ဆိုင်များအားလည်း
ဆက်ကြေးငွေများတောင်းခံခဲ့ပြီး ယခုကဲ့သို့ ဆက်ကြေးငွေများ တောင်းခံမှုကြောင့် စီပွားရေးလုပ်ငန်းရှင်များနှင့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တို့အကြား အခြေအနေတင်းမာမှုများ ရှိနိုင် သဖြင့် ဒေသခံများမှာ
စိုးရိမ်လျှက်ရှိကြောင်း သိရှိရပါသည်။
စိုင်းလုံ(သီပေါ)
No comments:
Post a Comment