SSA တပ်မဟာ မှ ဆက်ကြေးတောင်းခံစာ |
SSA တပ်မဟာ မှ ဆက်ကြေးတောင်းခံစာ |
K.I.Oအဖွဲ့မှ ဆက်ကြေးတောင်းခံစာ |
မူဆယ်မြို့၊ရွှေသမင်ဂေါက်ကွင်းအနီးပြည်ထောင်စုကားလမ်းမကြီးဘေးရှိ ရွှေရာဇာ စက်သုံးဆီ အရောင်း ဆိုင်သို့ ၂၀၁၄ ခုနှစ်၊ဒီဇင်ဘာလ
၂၆ ရက်နေ့ ည ၉ နာရီတွင် KIO(ကချင်) အဖွဲ့မှ
ကချင်ဘာသာဖြင့် ရေးသားထားသော ဆက်ကြေးတောင်ခံစာ ၁ စောင်အား နံပါတ်မပါ ဆိုင်ကယ်စီးနင်း လာသည့်
အမည် မသိလူ ၂ ဦးမှလည်းကောင်း၊၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့နံနက် ၅ နာရီတွင် SSA
တပ်မဟာ(၁) အမှတ်(၉)ခရိုင်မူဆယ်ဒေသမှ မြန်မာဘာသာဖြင့် ရေးသားထားသည့် ဆက်ကြေးငွေတောင်ခံစာ
၂ စောင် အားအမည်မသိလူ ၁ ဦးမှ လည်းကောင်း ပေးပို့ခဲ့ပြီး မူဆယ်မြို့နယ်အတွင်းရှိ အခြားစက်သုံးဆီ
အရောင်း ဆိုင်များသို့လည်း အလားတူဆက်ကြေး တောင်းခံစာများ ပေးပို့ခဲ့ကြောင်း သိရှိရရှိပါသည်။
``ကျနော်တို့မြို့မှာ
စက်သုံးဆီဆိုင်တွေကလည်းပေါတော့ သူတို့အဖွဲ့တွေက စက်သုံးဆီဆိုင် ၁ ဆိုင်ကို ၂၅ သိန်းနှုန်း၊၁၀
သိန်းနှုန်း နဲ့ သူတို့စိတ်တိုင်းကျ ဆက်ကြေးကောက်တယ်၊သူတို့အဖွဲ့ ရန်ပုံငွေ အတွက်လို့စာမှတွေ့တာပဲ၊သူတို့စာထဲမှာတော့တံဆိပ်တုံးတော့မပါဘူး၊လက်မှတ်တော့ထိုးထားတယ်၊ ကျနော်တို့ဆီဆိုင်တစ်ဆိုင်တည်းတော့မဟုတ်ဘူးတခြားဆိုင်တွေလည်း တောင်းတယ်လို့စုံးစမ်းသိရတယ် ၂၀၁၅ခုနှစ်အတွက်အခွန်တောင်းတာလို့လည်းပြောတယ်၊
၊ပြီးတော့ သူတို့အဖွဲ့တွေကိုကြောက်လို့ ဘယ် ဌာနဆိုင်ရာကိုမှ သတင်းမပို့ရဲဘူးလေ ´´ ဟု စက်သုံးဆီဆိုင်တာဝန်ခံ တစ်ဦးမှဆိုသည်။
ယခုလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့
ဒေသခံတွေအပေါ်လက်နက်အားကိုး နဲ့ မတရား သဖြင့်ငွေကြေးများတောင်းခံပြီး ၄င်းတို့အဖွဲ့ကောင်းစားဖို့ကိုသာ
ဦးတည်ဆောင်ရွက်နေတဲ့အတွက် ဒေသ ခံများမှ ကြောက်လန့်နေကြောင်း
သိရှိရပါသည်။
စိုင်းလူ(မူဆယ်)
စိုင်းလူ(မူဆယ်)
24 Dec 2014
No comments:
Post a Comment