17 Dec 2014
မိုးကုတ်မြို့နယ်၊ မန်ပြစ်ကျေးရွာအုပ်ချုပ်ရေးမှူး
ဦးလှမြင့်နေအိမ်သို့ ဒီဇင်ဘာလ ၈ ရက်နေ့တွင် TNLA(ပလောင်)အဖွဲ့၏အမာခံ ပလောင်လူမျိုး
၂ ဦးရောက်ရှိလာပြီး TNLA တပ်ရင်း(၅၂၇)အမှတ် တံဆိပ် ရိုက်နှိပ်ထားသော စာ ၆ စောင်အား
လာရောက်ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ စာများထဲမှ ဦးလှမြင့်အမည်ရေးသားထားသော
စာအိတ်အား ဖွင့်ဖတ်ကြည့်ရာ အခြားစာအိတ် ၅ ခုတွင် ရေးသားထားသော လိပ်စာများထံသို့ စာများဆက်လက်ပို့ဆောင်ပေးရန်ရေးသားထားပြီး
၎င်းလိပ်စာ ၅ ခုမှာ ပိန်းပြစ်ကျေးရွာမှ ၂ ဦး၊ မိုးကုတ်မြို့မှ ၂ ဦးနှင့် ပိန်းပြစ်လီဆူး ကျးရွာအုပ်ချုပ်
ရေးမှူးတို့ ဖြစ်သည်။မိုးကုတ်မြို့မှ ၂ ဦးအနက် ၁ ဦးမှာ မိုးကုတ်မြို့ရှိ ကျောက်မျက်ရတနာကုမ္ပဏီ
တစ်ခုမှ လုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်း သိရသည်။
ဦးလှမြင့်မှ ၄င်းစာအိတ်များအား
ဖွင့်၍ဆက်လက်ဖတ်ကြည့်ရာ ၄င်းလိပ်စာရှင် ၅ဦး အား တွေ့ဆုံညှိနှိုင်း ဆွေးနွေးလိုသဖြင့်
ဒီဇင်ဘာ ၇ ရက်နေ့တွင် TNLA(ပလောင်)အဖွဲ့ တပ်ရင်း (၅၂၇)ရင်းဌာနချုပ်သို့ မပျက် မကွက်လာရောက်ရန်ဆင့်ခေါ်သည့်စာများဖြစ်ပြီး
သတ်မှတ် ထားသည့်အတိုင်းရောက်ရှိလာခြင်းမရှိပါက ၄င်းပုဂ္ဂိုလ်များသည် TNLA ကို အလေးမထား၊ဂရုမပြုသူဟု
သတ်မှတ်မည်ဖြစ်ပြိး ဆင့်ခေါ်ခြင်းအပေါ် လာနိုင်ခြင်း ရှိ/မရှိအား ချက်ချင်းအကြောင်းပြန်ကြားရန်
ဟု ရေးသားထားပါသည်။ အဆိုပါစာများအား ဦးလှမြင့်မှ ထိုနေ့တွင်ပင် ၄င်းလိပ်စာရှင်များထံသို့
ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
TNLA (ပလောင်)အဖွဲ့၏ ကျေးရွာများမှ
အုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များအား ထိုကဲ့သို့ မကြာခဏ ခေါ်ယူတွေ့ဆုံကာ
လက်နက်အားကိုးဖြင့် ဆက်ကြေးတောင်းခြင်း၊ ခြိမ်းခြောက်ခြင်း၊ လူသစ် စုဆောင်းခိုင်းခြင်းများ
ပြုလုပ်လုပ်လျက်ရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ သက်ဆိုင်ရာသို့ မတိုင်ကြားရဲဘဲ
အခက်အခဲ၊အကြပ်အတည်းများမှ လုပ်ဆောင်နေရကြောင်း၊ လုပ်ငန်းရှင်များမှာလည်း စိုးရိမ်းတထိတ်ထိတ်ဖြင့်
နေထိုင်နေရကြောင်း သိရှိရပါသည်။
No comments:
Post a Comment