Thursday, December 11, 2014

ပန်ဆိုင်း(ကြူကုတ်)မြို့ပေါ်တွင် အသံမိုင်း တစ်လုံးပေါက်ကွဲမှု KIA မှ လုပ်ဆောင်ဟု ဒေသခံတစ်ဦး ပြောကြား


10 Dec 2014 















ဒီဇင်ဘာလ ၆ ရက်နေ့ ည ၁၀ နာရီခန့်တွင် ပန်ဆိုင်း(ကြူကုတ်)မြို့ပေါ်၌ ပေါက်ကွဲသံကြား၍ ပန်ဆိုင်း (ကြူကုတ်)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ရာ ရပ်ကွက်(၄)တွင် နေထိုင်သော ဦးမြင့်လွင် နေအိမ် အနောက်ဘက်မှ အသံမိုင်းဟု ယူဆရသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့ကြောင်းနှင့် အဆိုပါအသံမိုင်း ပေါက်ကွဲမှုကြောင့် လူ၊တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိကြောင်း သိရသည်။

အသံမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သော အိမ်ရှင်ဦးမြင့်လွင်သည် ယခင်က ပဲကြားလှော် လောင်းကစားရုံများ ပိုင်ဆိုင်ပြီး ဒေသအာဏာပိုင်များ၏ ညွှန်ကြားချက်အရ အဆိုပါ လောင်းကစားရုံများအား ပိတ်သိမ်း ခဲ့ကြောင်း၊ ယခင် လောင်းကစားရုံများဖွင့်လှစ်စဉ်အချိန်တွင် ၄င်းမှ KIA အဖွဲ့ထံသို့ လစဉ်ဆက်ကြေး ပေးဆောင်ခဲ့ရပြီး ယခုလောင်းကစားရုံများ ပိတ်သိမ်းလိုက်သောကြောင့် KIA အဖွဲ့မှ၎င်းတို့ဆက်ကြေးငွေများမရရှိသဖြင့် ကျေနပ်မှုမရှိ၍၄င်းတို့အမာခံအားစေလွှတ်၍ပြည်သူ လူထု အထိတ်တလန့်ဖြစ်စေရန် ခြိမ်းခြောက်သည့်ပုံစံဖြင့် အသံမိုင်းဖောက်ခွဲ ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦး  ပြောကြား ခဲ့ပါသည်။

No comments:

Post a Comment