10 Dec 2014
RCSS/SSA အဖွဲ့မှ စိုင်းပီး ခေါင်းဆောင်သော အင်အား ၈ ဦးသည် သီပေါမြို့နယ် အတွင်းရှိ ကျေးရွာများ ဖြစ်သော ကုန်းသာကျေးရွာ၊ဟိုနောင်ကျေးရွာ၊ကုန်းပြင်းကျေးရွာများသို့ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်တွင် ရောက်ရှိလာပြီး အဆိုပါကျေးရွာများမှ ၄င်းတို့အဖွဲ့အတွင်း တာဝန်ထမ်းဆောင်ရန် အမည်စာရင်း သတ်မှတ်ထားသော ရွာသား ၁၂ ဦး၏ နေအိမ်များသို့ တစ်အိမ်တက်တစ်အိမ်ဆင်း သွားရောက်၍ ၄င်းရွာသားများအား ဆွန်လုံကျေးရွာအုပ်စု ၊ချောင်းဆုံရွာဘက်သို့ ယနေ့ အရောက်စေလွှတ်ရန် ခြိမ်းခြောက်ပြောဆိုပြီးရွာ၏ မြောက်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။
RCSS/SSA အဖွဲ့တွင်တာဝန်ထမ်းဆောင်ရန် အမည်စာရင်းသတ်မှတ်ခံထားရသော ရွာသားများသည် ၄င်းတို့မိသားစုများ၏ဘ၀ကို ငဲ့ကွက်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများသို့ သတင်းမပို့ရဲဘဲ ၄င်းနေ့ ညနေ ၄ နာရီခန့်တွင် ချောင်းဆုံကျေးရွာဘက်သို့ တိတ်တဆိတ်ထွက်ခွာသွားခဲ့ပြီး ၄င်းရွာသားများအား RCSS/SSA အဖွဲ့မှ ချောင်းဆုံကျေးရွာအနီးတွင် စောင့်ကြို၍ သီပေါမြို့နယ် မိုးတေကျေးရွာ ဘက်သို့ ဆက်လက်ခေါ်ဆောင်သွားကြောင်း သိရသည်။

၎င်းကျေးရွာများမှ အချို့ရွာသားများသည်
မိသားစုစားဝတ်နေရေးအတွက် အခြားမြို့ရွာများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသဖြင့် ကင်းလွှတ်ခွင့်ပေးရန်
မိဘများမှ ငိုယိုတောင်းပန်သော်လည်း
၎င်းအဖွဲ့ခေါင်းဆောင်ဖြစ်သူမှ သား/သမီးမရှိလျှင် သား/သမီးများကိုယ်စား မိဘများကိုယ်တိုင် တာဝန် ထမ်းဆောင်ရန်နှင့် ချိန်းဆိုထားသော နေရာသို့ လာရောက်ခြင်းမရှိပါက ၄င်းတို့အဆိုးမပြောနဲ့ဟု ခြိမ်းခြေက်ပြောဆိုခဲ့ကြောင်း ကုန်းသာရွာသားတစ်ဦး၏ ပြောပြချက်အရသိရသည်။
၎င်းအဖွဲ့ခေါင်းဆောင်ဖြစ်သူမှ သား/သမီးမရှိလျှင် သား/သမီးများကိုယ်စား မိဘများကိုယ်တိုင် တာဝန် ထမ်းဆောင်ရန်နှင့် ချိန်းဆိုထားသော နေရာသို့ လာရောက်ခြင်းမရှိပါက ၄င်းတို့အဆိုးမပြောနဲ့ဟု ခြိမ်းခြေက်ပြောဆိုခဲ့ကြောင်း ကုန်းသာရွာသားတစ်ဦး၏ ပြောပြချက်အရသိရသည်။
RCSS/SSA အဖွဲ့တွင်တာဝန်ထမ်းဆောင်ရန် အမည်စာရင်းသတ်မှတ်ခံထားရသော ရွာသားများသည် ၄င်းတို့မိသားစုများ၏ဘ၀ကို ငဲ့ကွက်ကာ သက်ဆိုင်ရာဌာနဆိုင်ရာများသို့ သတင်းမပို့ရဲဘဲ ၄င်းနေ့ ညနေ ၄ နာရီခန့်တွင် ချောင်းဆုံကျေးရွာဘက်သို့ တိတ်တဆိတ်ထွက်ခွာသွားခဲ့ပြီး ၄င်းရွာသားများအား RCSS/SSA အဖွဲ့မှ ချောင်းဆုံကျေးရွာအနီးတွင် စောင့်ကြို၍ သီပေါမြို့နယ် မိုးတေကျေးရွာ ဘက်သို့ ဆက်လက်ခေါ်ဆောင်သွားကြောင်း သိရသည်။
၎င်း ရွာသား ၁၂ ဦးအနက် ၃
ဦးမှာ အခြားသို့ သွားရောက်အလုပ်ကိုင်နေသောကြောင့် ၄င်းတို့ကိုယ်စား မိဘများမှ အစားထိုးလိုက်ပါသွားခဲ့ပြီး
ရွာသားများအားလုံးသည် ရှမ်းလူမျိုးများဖြစ်ကြောင်း သိရသည်။
`` အခုလို RCSS/SSA အဖွဲ့ရဲ့
လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခြိမ်းခြောက်ပြီး ဥပဒေမဲ့အတင်းအဓ္ဓမ လူသစ်စုဆောင်းမှုတွေက
ရှမ်းလူမျိုးများအရေး၊ရှမ်းပြည်နယ်ကောင်းစားရေး၊ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှမ်းပြည်သူလူထုကိုယ်စား
လုပ်ဆောင်နေတယ်လို့ ပြောဆိုနေတဲ့ ၄င်းတို့ အဖွဲ့ကို ယုံကြည်ဖို့ ခက်ခဲနေတာပေါ့၊ အခု
ဒီလိုဖမ်းဆီးခေါ်ဆောင်သွားတော့ ကျန်ရစ်ခဲ့တဲ့ မိသားစုတွေ၊မိဘတွေလည်း ကိုယ်သားသေမလား၊ရှင်မလား၊အသက်ရှင်လျက်ပြန်ရောက်မလားဆိုတဲ့
စိတ်သောကတွေနဲ့၊ နေစဉ်နဲ့ အမျှ ပူဆွေးနေရမှာဘဲ
၊အခု ရွာထဲကငယ်ရွယ်သူတွေကလည်း ဘယ်နေ့ငါ့အလှည့်ရောက်မလဲဆိုပြီး စိုးရိမ်နေပြီ ´´ဟု ဒေသခံရှမ်းအမျိုးသား စိုင်းသီဟ မှ ပြောကြားသွားခဲ့သည်။
No comments:
Post a Comment