Tuesday, November 25, 2014

TNLA ၏ ခေါက်ရိုးကျိုးနေသော ဒုက္ခကို ခံစားနေရသည့် လီရှော များ

26 Nov 2014

TNLA အဖွဲ့သည် ပလောင်လူမျိုးများကောင်းစားရေး၊ မူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးနှင့် ပလောင် လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေကြသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ယခုကဲ့သို့ လူမျိုးစု တစ်စု ကောင်းစုကောင်းစားရေး ဦးတည်ဆောင်ရွက်မှု ရှိသလို တစ်ဘက်တွင်လည်း ပလောင်လူမျိုး မဟုတ်သည့် တိုင်းရင်းသားများအား KIA TNLA အဖွဲ့များက မင်မဲ့စရိုက်ဆန်ဆန် ပြုသမျှ မရှုမလှ ခံစားနေကြ ရသည်များကို မည်သူ့ တစ်ဦးတစ်ယောက်မျှ မသိရှိအောင် အကြောက်တရားဖြင့် ဖိနှိပ်ချုပ်ခြယ်ခြင်းကို
 ခံစားနေရသူများမှာ တော၊ တောင်တွင်း နေထိုင်သော လီရှော၊ လီဆူး ကဲ့သို့ လူမျိုးစုလေးများပင်ဖြစ်ပါသည်။

 နိုဝင်ဘာလ ၂၂ ရက်နေ့ကလည်း TNLA အဖွဲ့မှ လီရှောလူမျိုး ၂ ဦးဖြစ်သည့် ဦးရန်စန်း ၃၆ နှစ်နှင့် ဦးကျိန်းစန်း ၄၀ နှစ် တို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျေးရွာအုပ်ချုပ်မှူးမှ တစ်ဆင့် သိရပါတယ်။ ဖမ်းဆီးခံရသူ ၂ ဦးမှာ ကုန်းကမ်းရွာသားများဖြစ်ပြီး တောင်ယာလုပ်ကိုင်ရာမှ ပြန်လာစဉ် အဖမ်း ခံရခြင်း ဖြစ်ကြောင်း ရွာသားတစ်ဦးမှ ပြောပါသည်။ 

ဖမ်းဆီးရသူ၏သားသမီးများမှာ၎င်းတို့ဖခင်ပြန်လာမည့်လမ်းကို စောင့်မျှော်ရင်းပူဆွေးသောက ရောက်နေရပြီး ယနေ့ အချိန် သေသည်/ရှင်သည် ကိုပင် မသိရသေးကြောင်း ပြောပါသည်။ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း TNLA ၏ ခေါက်ရိုးကျိုးနေသော ဖမ်းဆီးခြိမ်းခြောက် ဆက်ကြေးကောက်ခံမှုကြောင့် နမ့်ဆန်မြို့နယ်၊ ပန်တောင်းရွာမှ လီဆူး ၇၄ ဦး နမ္မတူမြို့သို့ ထွက်ပြေး တိမ်းရှောင်ခဲ့မှုရှိ ကြောင်း အင်တာနက် သတင်းများအရ သိရသည်။

No comments:

Post a Comment