20 Nov 2014
ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာအုပ်စု ရပ်ကွက် ၃ နေ အသက် ၆၅ နှစ်အရွယ် ရှမ်းအမျိုးသား ဦးတင်မြင့်အား နိုဝင်ဘာလ ၁၈ ရက်နေ့ ည ၈ နာရီတွင် ရှမ်းလက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့မှ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။
ဖမ်းဆီးခံရသူ၏ ဇနီး ဒေါ်တောက်၏ ပြောပြချက်အရ နိုဝင်ဘာ လ ၁၈ ရက်နေ့ ည ၈ နာရီ မှာ အဘွားခင်ပွန်းနဲ့ TV ကြည့်နေတုန်း အိမ်ထဲကို အရပ်ဝတ်နဲ့ လူစိမ်း ၂ ယောက် ၀င်လာပြီး ကိုတင်မြင့်ကို ဖမ်းခေါ်သွားတယ်။ အဘွားအိမ်အပြင်လိုက်ကြည့်တော့ခြံထဲမှာအစိမ်းရောင်ဝတ် သေနတ်ကိုင်ထားတဲ့သူ
၅ ယောက်ကို တွေ့ရ တယ်ဟု ပြောပါသည်။
ဘွားတောက်မှာ၎င်း၏ခင်ပွန်းပြန်လည်လွှတ်မြောက်စေရေး ကျေးရွာအုပ်ချုပ်ရေးမှူးစိုင်းခမ်းပိုင်မှတစ်ဆင့် နောင်ပိန်ရဲစခန်းသို့တိုင်းကြားထားကြောင်းလည်းဆက်သွယ်မေးမြန်းချက်အရသိရသည်။
ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာနေ ရှမ်းတိုင်းရင်းသားများမှာ တောင်ယာ လုပ်ငန်း ဖြင့် အသက် မွေးဝမ်းကျောင်း ပြုသူများဖြစ်ပြီး လူဦးရေ သုံးထောင်ကျော်နေထိုင်သော ကျေးရွာဖြစ်ကြောင်းလည်း သိရသည်။
ကျောက်မဲ
No comments:
Post a Comment