Monday, November 10, 2014

TNLA အဖွဲ့ ကျောက်မဲခရိုင်အတွင်း လူသစ် ၅၅၆ ဦး စုဆောင်းမှုအား ပလောင်လူငယ်အစည်းအရုံးမှ တိုင်ကြားမှု ပြုလုပ်မည်ဟုဆို

8 Nov 2014

TNLA (ပလောင်)အဖွဲ့သည် စတင်လှုပ်ရှားဆောင်ရွက်သည့် ၂၀၁၃ ခုနှစ်မှစပြီး ယနေ့အထိ ပလောင်လူမျိုးများ ကောင်းစားရေးနှင့်မူးယစ်ဆေးဝါးတိုက်ဖျက်လုပ်ငန်းများဦးတည်ဆောင်ရွက် နေသော်လည်း လက်ရှိအခြေအနေတွင် ပလောင်ကျေးရွာများမှ ဆက်ကြေးတောင်းခံခြင်း၊ ကျေးရွာအတွင်း ရွာသားများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် လူသစ်စုဆောင်းခြင်းများကြောင့်ပလောင်လူငယ်အစည်းအရုံးနှင့် ဒေသခံ ပလောင်လူမျိုးအများစုမှာ TNLA အဖွဲ့အပေါ် ယုံကြည်မှု ကင်းမဲ့ခဲ့ကြောင်း ပလောင်လူငယ် အစည်းအရုံးမှ လူငယ်တစ်ဦး၏ ပြောပြချက်အရသိရသည်။ 

 TNLA အဖွဲ့သည် ၂၀၁၄ ခုနှစ်အတွင်း လူသစ်စုဆောင်းမှု ဆက်ကြေးကောက်ခံမှုများအား ယခင်ထက်ပိုမို ဆိုရွားစွာလုပ်ကိုင်လာပြီး ကျောက်မဲခရိုင်အတွင်း ကျေးရွာ၅၆ရွာမှအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင် ခြင်းခံရ
သည့် ပလောင်လူမျိုး ၅၆၂ ဦးအား ပြန်လည်လွှတ်မြောက်စေရေး ပလောင် လူငယ် အစည်းအရုံးမှ တစ်ဆင့် တိုင်ကြားဆောင်ရွက်နိုင်ရေးကျေးရွာလူကြီးများမှ အကူအညီတောင်းခံ ထားကြောင်း သိရသည်။

 ကျောက်မဲခရိုင်အတွင်း ကျေးရွာအုပ်စုများမှ လွယ်ပြတ်အုပ်စု ၆၄ ဦး၊ မိုင်းကုန်အုပ်စု ၃၈ ဦး၊ အိန်ခင်းအုပ်စု ၉၀ ဦး၊ ပန်မက်မီးအုပ်စု ၅ ဦး၊ တော့ဆန်အုပ်စု ၂၆ ဦး၊ ဟူးစွန်အုပ်စု ၁၉ ဦး၊ ကုန်းလုံအုပ်စု ၁၃ ဦး၊ ၀ိန်းမိုင်အုပ်စု မှ ၃၀၇ ဦး အား TNLA မှအတင်းအဓမ္မ စုဆောင်းခံခဲ့ရကြောင်းသိရသည်။ စုဆောင်း ခံရသူအချို့မှာ TNLA အဖွဲ့လောင်းရိပ် လွတ်ကင်းရာ မြို့ပေါ်သို့ထွက်ပြေးတိမ်းရှောင်မှုများ ရှိသလို တရုတ် ပြည်ဘက်သို့ ထွက်ပြေးတိမ်းရှောင်းမှုများပါ ရှိနေကြောင်းသိရသည်။ 

 TNLA အဖွဲ့၏ လူသားချင်းစာနာ ထောက်ထားမှု ကင်းမဲ့သောလုပ်ရပ်များကြောင့် အသက် ငယ်ရွယ် သေးသည့် ပလောင်းကလေးသူငယ်များမှာ မိဘ ရင်ခွင်တွင် ခိုလှုံပညာ သင်ကြားရမည့် အရွယ်တွင် ပညာ မသင်ကြားနိုင်ဘဲ TNLA အဖွဲ့၏ လောင်းရိပ်နှင့် လွတ်ကင်းရာ မြစ်ဝကျွန်းပေါ်ဒေသရှိ ဘုန်းကြီးကျောင်း များတွင် သာသနာ့ဘောင်အတွင်း ၀င်ရောက် ထွက်ပြေးတိမ်းရှောင်ခိုလှုံနေကြရမှု များကြောင့် ပလောင်လူမျိုးများ ခံစားနေရသည့် ဒုက္ခများကင်းဝေးစေရေး MPC မှတစ်ဆင့် နိုင်ငံတော်သမ္မနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ အားလုံး သိရှိစေရေး ပလောင်လူငယ်အစည်းအရုံးမှ တိုင်းကြားသွးမည်ဟု ပလောင်လူငယ်တစ်ဦး၏ ပြောပြချက်အရသိသည်။

No comments:

Post a Comment