Thursday, November 20, 2014

ကျောက်မဲမြို့နယ်အတွင်း ဗမာကျောင်းဆရာ/ဆရာမများ လုံးဝ မမြင်ချင်ဘူးဟု RCSS မှ ခြိမ်းခြောက်

19 Nov 2014







RCSS/SSA သည် ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားသော်လည်း လက်အောက်အချို့မှာ ကျောက်မဲမြို့နယ်အတွင်း ကျေးရွာများတွင် ဆက်ကြေးကောက်ခံခြင်း ပြည်ထောင်စု လမ်းမကြီးတွင်သွားလာနေသောယာဉ်များအားတားဆီးဆက်ကြေးကောက်ခံခြင်းများပြုလုပ်လျက်ရှိပါသည်။

အဆိုးဆုံးမှာ ရှမ်းပြည်နယ်အတွင်း ပညာရေးတိုးတက်မြင့်မားရေးအတွက် ကိုယ်ကျိုးစွန့် မိသားစုနှင့် ခွဲခွာ၍ တစ်နယ်တကျေးတွင်ပညာလာရောက်သင်ကြားပေးသောဆရာ/ဆရာမများအား ခြိမ်းခြောက် ပြောဆို   ခြင်းဖြစ်သည်။ ပုံဝိုးကျေးရွာသား တစ်ဦး၏ပြောပြချက်အရ နိုဝင်ဘာ ၁၆ ရက်နေ့က SSA(ရွက်ဆစ်)အဖွဲ့ ဆက်ကြေး တာဝန်ခံ အိုက်စံ ရွာကို ရောက်လာတယ်။ သူနဲ့ အဖွဲ့ဝင် ၁၀ ယောက်လောက်တော့ရှိမယ်ဗျ။
ပြီတော့ရွာက ကျောင်းအုပ်ဆရာကြီး ကျော်ဇောဟိန်းကို ခေါ်ပြီး ``မင်းတို့ ဗမာ ကျောင်းဆရာ/ ဆရာမတွေ ဒီတစ်နှစ်ဘဲ  မြင်ချင်တယ်  နောင်နှစ်မှာ   လုံးဝမမြင်ချင်ဘူး´´   ခြိမ်းခြောက်ပြောဆိုခဲ့တယ်။   ပုံဝိုးကျေးရွာ အလယ်တန်းကျောင်းတွင်ဆရာ၃ဦးဆရာမ၄ဦးရှိပြီးSSA(ရွက်ဆစ်)မှအိုက်စံ၏ ခြိမ်းခြောက်ပြောဆိုမှုများကြောင့် ၄င်းကျေးရွာတွင် ဆက်လက်ပညာသင်ကြားပေးရန် စိုးရိမ်ကြောက်ရွံ့ နေကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံများမှာ ရှမ်းပြည်နယ် ထာဝရ ငြိမ်းချမ်းရေးကို လိုလားသော်လည်း အနေချောင် အစားချောင် လက်နက်ကိုင် လမ်းစဉ်ကို မစွန့်လွတ်နိုင်သော သောင်းကျန်းသူ အဖွဲ့အစည်း အချို့ကြောင့် ငြိမ်းချမ်းရေမှာ မထင်မရှားဖြစ်ခဲ့ပြီး သောင်းကျန်းသူများသည် ရှမ်းပြည်သူလူထု အသိပညာ ကြွယ်ဝပြီး၎င်းတို့၏သဘောထားအမှန် ပေါ်ပေါက်သိရှိမည်ကိုစိုးရိမ်သောကြောင့်ယခု့ကဲ့သို့  ပြုလုပ်ခြင်း   ဖြစ်နိုင်ကြောင်း ကျောက်မဲ ဒေသခံ တစ်ဦးမှ သုံးသပ် ပြောဆို ထားပါသည်။

 ကျောက်မဲ

No comments:

Post a Comment